၁၃ ဩဂုတ် ၂၀၂၃

ကမ္ဘောဒီးယားနိုင်ငံ ကရက်တိုင်းပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းရဲ့ မြေကြီးထဲမြှပ်ထားတဲ့ မပေါက်ကွဲသေးသော ဗုံးများရာနှင့်ချီပြီးတွေ့ရလို့ အဆိုပါကျောင်းကိုပိတ်လိုက်ရတယ်လို့ ခမာတိုင်းမ်သတင်းစာ သတင်းအရသိရပါတယ်။

အဆိုပါပြည်နယ် ကရက်တိုင်းမြို့မှာရှိတဲ့ ကွင်းကိုဆိုမက် အထက်တန်းကျောင်းဝင်းထဲမှာ စနေနေ့က ကြိုတင်စီစဉ်ထားတဲ့ ကျောင်းပြုပြင်မှုတွေပြုလုပ်စဉ်အတွင်း မြေကြီးထဲမှာမြှပ်ထားတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ရာနှင့်ချီတွေ့ကြရတာြဖစ်တယ်လို့ ကျောင်းအုပ်ကြီး မစ္စတာ ဘန်းချီက ပြောပါတယ်။

တွေ့ရတဲ့အထဲမှာ အမျိုးအစားလေးမျိုးပါဝင်ပြီး M79s က ၂၅၀၊ DK75s က ၁၆ခု၊ M48 warheads က ၁၇ခု၊ B40s က ၁၇ခု စုစုပေါင်း ၂၈၄ခုဖြစ်ပြီး ထပ်ပြီးရှာတွေ့ဖို့လည်းရှိတယ်လို့ ပညာရေးဌာန၊ လူငယ်နှင့်အားကစား ညွှန်ကြားရေးမှူး မစ္စတာ လေဘိုရာကပြောတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အဲဒါကြောင့်  အဆိုပါပေါက်ကွဲပစ္ညည်းတွေ အားလုံးဖယ်ရှားပြီးသည်အထိ ကျောင်းတွေပိတ်ဖို့ သူက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းလုပ်ငန်းအမှတ်(၅)တပ်က အဲဒီဗုံးတွေဟာ ပေါက်ကွဲနိုင်ပြီး အသက်အန္တရာယ်ရှိနေတယ်။ပြီးတော့ တွေ့ရတာကလည်း စစ်သလင်းလိုပဲလို့ ပြောပါတယ်။ အဲဒါတွေအားလုံးဘေးကင်းရာ ဖယ်ထုတ်ဖို့ အချိန်နှစ်ရက်ခန့်ကြာမယ်လို့သိရပါတယ်။

Source: Khmer Times