Published 13 August 2023

လူသားတွေရဲ့ မျက်နှာရုပ်ရည်တွေက ပိုပိုပြီးနိမ့်ကျလာကာ ဒါတွေဟာ ယနေ့ခေတ် စားသောက်ပုံစံတွေ၊ အိပ်စက်ခြင်းပုံစံတွေ၊ အလင်းရောင်ထိတွေ့ခြင်းတွေကြောင့်လို့ ဩစတြေးလျမနုဿပညာရှင်တစ်ဦးက အဆိုပြုလိုက်ပါတယ်။

မျိုးဆက်တစ်ခုပြီးတစ်ခု လူတွေဟာ ပိုပြီးဆွဲဆောင်မှု နည်းလာကာ ရုပ်ဆိုးလာရတဲ့ အကြောင်းအရင်းက အသက်အရွယ် ကြီးရင့်တာနဲ့မဆိုင်ဘူးလို့ ပလတ်စတစ်ခွဲစိတ်ဆရာဝန်နဲ့ မျက်နှာခွဲစိတ်ကျွမ်းကျင်ပညာရှင်တို့က ရှင်းပြခဲ့ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေက ယနေ့ခေတ် အစားအသောက်တွေနဲ့ အိပ်စက်မှုပုံစံများကြောင့် ဖြစ်တယ်လို့ ခွဲစိတ်ဆရာဝန်များက ဆိုပါတယ်။

သီအိုရီအရ အပေါ်မေးရိုးနဲ့ အောက်မေးရိုးတို့အပေါ် သက်ရောက်နေတဲ့ အားကို မူတည်နေပြီး ဒါကပဲ မျက်နှာတစ်ခု ဆွဲဆောင်မှုရှိ/မရှိ ဆုံးဖြတ်သွားတာ ဖြစ်ပါတယ်။

မိန်းကလေးငယ်တစ်ဦးရဲ့ နှာခေါင်းတွင်းပိုင်းမှာ ရောဂါကူးစက်မှုကြောင့် အောက်မေးရိုးဖွံ့ဖြိုးမှုကို ထိခိုက်နေပြီး ပါးစပ်က အသက်ရှူနေရကာ ကောင်းစွာဖွံ့ဖြိုးရန် လုံလောက်စွာ မပိတ်နိုင်ပါဘူး။

အနောက်နိုင်ငံတွေက ၇၀ ရာခိုင်နှုန်းလောက်မှာ သွားပုံစံမညီခြင်းလိုမျိုး ခံစားနေရကာ မျက်နှာတွေ ဆွဲဆောင်မှုမရှိလာရတဲ့ အကြောင်းအရင်း ဖြစ်နေပါတယ်။

တစ်ကမ္ဘာလုံးက လူဦးရေ ၂၂ ရာခိုင်နှုန်းဟာ သွားမညီညာခြင်းအဆင့် ၂ ခံစားနေရကြောင်း ကိုးလ်ဂိတ်ကုမ္ပဏီက ဖော်ပြခဲ့ပါတယ်။

လူတွေ ပါးစပ်ကိုအသုံးပြုပုံ အစာထည့်ပုံတို့က မေးရိုးဖွံ့ဖြိုးမှုကို သက်ရောက်နေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

လူတွေက မိုဘိုင်းဖုန်းကင်မရာနဲ့ ရိုက်တာထက်စာရင် ဖလင်ကင်မရာနဲ့ ရိုက်တဲ့အခါ ပိုပြီးကြည့်ကောင်းပြီး မျက်နှာကို ပိုမိုသေသပ်စေတယ်လို့ လူတစ်ဦးက တုန့်ပြန်ရေးသားထားပါတယ်။

လူတွေက ပိုပြီးရုပ်ဆိုးလာတာမဟုတ်ဘဲ ပုံအဟောင်းတွေကို သေချာလုံလောက်စွာ မမြင်ရတာကြောင့်ပါလို့ ယူကျူ့ဘ်အသုံးပြုသူတစ်ဦးက ဖော်ပြသွားပါတယ်။

နောက်တစ်ဦးကတော့ အရင်ကလေးတွေရဲ့ ပုံတွေက ယနေ့ခေတ်ထက် ပိုပြီး ကြီးရင့်တဲ့ပုံပေါက်နေကြောင်း၊ ကလေးမျက်နှာဆိုပေမယ့် ဆံပင်ပုံစံက ခေတ်နောက်ကျနေတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

နောက်ထပ်တစ်ဦးကတော့ အသားတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသီးလိုက် စားသုံးတာတွေက မေးရိုးကိုသန်မာစေတယ်လို့ ဆိုပါတယ်။
Source: The Jerusalem Post
#World_Science
#YMG #Yangon_Times