#WorldHealth

Published 8 Nov 2021

ဂျပန်ရဲ့ ဇီဝနည်းပညာကုမ္ပဏီ တာကာရာဘိုင်အိုက  လာမယ့်ဇန်နဝါရီလခန့်ကစပြီး မက်ဆင်ဂျာ အာရ်အင်အေ mRNA ကာကွယ်ဆေးကို ကန်ထရိုက်အခြေခံပြီး စတင်ထုတ်လုပ်မယ်လို့ ကျိုဒိုသတင်းကရေးသားပါတယ်။ အဲဒါကြောင့် ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားက ကိုဗစ်ကာကွယ်ဆေးတင်သွင်းမှုအပေါ်မှီခိုနေရတာတွေကို လျှော့ချပေးနိုင်ဖို့ အထောက်အပံ့ဖြစ်ဖွယ်ရှိပါတယ်။

တာကာရာဘိုင်အိုဟာ ဖိုင်ဇာရဲ့ကိုဗစ်ကာကွယ်ဆေးကို ဂျပန်နိုင်ငံအနောက်ပိုင်း ရှီဂါးစီရင်စုမှာရှိတဲ့ ကူဆက်ဆုစက်ရုံကနေ တစ်နှစ်ကို ဆေးအလုံးပေါင်း၁၂သန်း ထုတ်လုပ်ဖို့မျှော်လင့်ထားပါတယ်။

ပြည်တွင်းက mRNA ကာကွယ်ဆေးပံ့ပိုးပေးနိုင်မှုမရှိတာကြောင့် ဖိုင်ဇာနှင့် မိုဒါနားတို့က ဆေးတွေရောက်တာကို စောင့်နေရတဲ့အတွက် ဂျပန်ရဲ့ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းတွေနှေးကွေးနေခဲ့ရပါတယ်။

လက်ရှိမှာ ဂျပန်ဟာ ကိုရိုနာဗိုင်းရပ်စ် တင်သွင်းမှုအပေါ် လုံးလုံးလျားလျားမှီခိုထားရတာဖြစ်ပါတယ်။

“ အနာဂတ်မှာ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုဖြစ်နိုင်ချေကို ကြိုတင်ကာကွယ်တဲ့အနေနှင့် တည်ငြိမ်တဲ့ ကာကွယ်ဆေးထောက်ပံ့မှု အသေအချာဖြစ်စေဖို့ ပြည်တွင်းက ကာကွယ်ဆေးထုတ်လုပ်မှု အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကို ကျွန်တော်တို့ ပံ့ပိုးကူညီလိုပါတယ်” လို့ တာကာရာဘိုင်အိုရဲ့ပြောရေးဆိုခွင့်ရသူက ပြောပါတယ်။

အဲဒီဘိုင်အိုနည်းပညာကုမ္ပဏီဟာ mRNA နှင့်အလားတူတဲ့ ဒီအင်န်အေကာကွယ်ဆေးတွေကို အိုဆာကာ တက္ကသိုလ်ပါမောက္ခတစ်ဦးတည်ထောင်ထားတဲ့ ဂျပန်ဇီဝဆေးဝါး startup Anges Inc အတွက် ကန်ထရိုက်တစ်ခုကို အရင်ကရခဲ့ဖူးပါတယ်။

Anges၊Daiichi Sankyo Co.၊Shionogi & Co.နှင့်  KM Biologics Co အပါအဝင် ဂျပန်ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ကိုဗစ်-၁၉ကာကွယ်ဆေးတွေကို လူသားနှင့်စမ်းသပ်မှုတွေစတင်ခဲ့ကြပြီးဖြစ်ပါတယ်။

Source: Kyodo News