Published- 8 Nov 2021

ကိုဗစ်-၁၉ကြောင့် သေအံ့ဆဲဆဲဖြစ်နိုင်တဲ့ အန္တရာယ်ကို နှစ်ဆတိုးစေတဲ့ မျိုးရိုးဗီဇတစ်ခုကို ဗြိတိန်သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပြီး အချို့လူတွေဟာ ဘာကြောင့်အခြားသူတွေထက် ရောဂါကို ထိလွယ်ခိုက်လွယ်ဖြစ်ကြရတာလဲ ဆိုတဲ့အပေါ် အတွေးအမြင်သစ်တွေပေးနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ပစ်မှတ်ထားကုသနိုင်တဲ့ဆေးဝါးတွေဖြစ်လာနိုင်ခြေကိုလည်း ဖွင့်ပေး လိုက်တာလည်းဖြစ်ပါတယ်။

တောင်အာရှမျိုးနွယ်တွေရဲ့ ၆၀ရာခိုင်နှုန်းခန့်ဟာ အန္တရာယ်မြင့်မားတဲ့ မျိုးရိုးဗီကိုသယ်ဆောင်နေကြတယ်လို့ အောက်စ်ဖို့ တက္ကသိုလ်ရဲ့ သုတေသနပညာရှင်တွေက သောကြာနေ့က ပြောကြားခဲ့ကြပါတယ်။ အချို့သောဗြိတိန်လူမှုအသိုက်အဝန်း တွေမှာ သေဆုံးသူတွေများနေပြီး အိန္ဒိယတိုက်ငယ်မှာ ကိုဗစ်-၁၉ရဲ့ ရိုက်ခတ်မှုတွေရှိနေတော ဘာကြောင့်ဆိုတာကို အခုတွေ့ရှိ မှုက ရှင်းပြနေပါတယ်။

အန္တရာယ်တွေတိုးပွားလာနေတာဟာ ပရိုတိန်းတွေရဲ့ မျိုးဗီဇသင်္ကေတတွေ ကွဲပြားခြားနားမှုကြောင့်သာမကဘဲ မျိုးဗီဇကို ဖွင့်ပေးတဲ့ ဒီအင်န်အေကွာခြားမှုကြောင့်လည်းဖြစ်ပါတယ်လို့ ပညာရှင်တွေက တွေ့ရှိခဲ့ကြတာပါ။

အဲဒီမျိုးဗီဇအချက်ပြမှုဟာ အဆုတ်ထဲက ဆဲလ်တွေအပေါ် အကျိူသက်ရောက်မှုရှိပုံရပါတယ်။  LZTFL1လို့သတ်မှတ်ထားတဲ့ မျိုးဗီဇတစ်ခုဟာ အန္တရာယ်မြင့်မားတဲ့ ဗားရှင်းတစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို အဆုတ်က မှန်မှန်ကန်ကန်ပြန်လည်  တုံ့ပြန်ပေးပြီး  လေလမ်းကြောင်းကိုအနားကွပ်ပေးတဲ့ဆဲလ်တွေကို အဲဒီမျိုးဗီဇက တားဆီးပေးကောင်း  ပေးနိုင်တာဖြစ်နေပါတယ်။

ဒါပေမယ့် အဲဒီအန္တရာယ်မြင့်မားစေတဲ့ မျိုးဗီဇကဟာ ခန္ဓာကိုယ်ရဲ့ ခုခံစနစ်အပေါ်မှာတော့ အကျိုးသက်ရောက်မှုမရှိပါဘူး။ အဲဒီခုံခံအားစနစ်က ကူးစက်မှုကိုပြန်ပြီးတွန်းလှန်တဲ့စနစ်ဖြစ်ပါတယ်။ ဒီမျိုးဗီဇသယ်ဆောင်ထားတဲ့ သူတွေဟာ ကာကွယ်ဆေးကို ပုံမှန်ပဲတုန့်ပြန်တတ်ပါတယ်လို့ သုတေသနပညာရှင်တွေကပြောပါတယ်။

ရောဂါကူးစက်မှုအပေါ် အဆုတ်ရဲ့ တုန့်ပြန်ပုံတုန့်ပြန်နည်းက သိပ်အရေးကြီးတယ်လို့ သုတေသနတွေ့ရှိမှုက ပြဆိုနေပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ကုသပုံအများစုဟာ ခုခံအားစနစ်က ဗိုင်းရပ်စ်က တုန့်ပြန်ပုံ ပြောင်းလဲမှုအပေါ် အာရုံစိုက်ထားလို့ဖြစ်ပါတယ်လို့ သုတေသနတွဲဖက်ခေါင်းဆောင် ဂျိမ်းစ်ဒေဗီးစ်က ပြောပါတယ်။ သူတို့ရဲ့တွေ့ရှိချက်ကို သဘာဝမျိုးဗီဇဆိုင်ရာ ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

Source Reuters