Published 6 Nov 2021

အိန္ဒိယအကြီးမားဆုံး ရုပ်ရှင်ရုံတွဲလုပ်ငန်းလုပ်ကိုင်နေတဲ့ ပီဗွီအာရ်ကုမ္ပဏီဟာ ကားမောင်းဝင်ကြည့်ရတဲ့ ခေါင်မိုးပေါ်က ရုပ်ရှင်ရုံတစ်ရုံကို အိန္ဒိယရဲ့ ပထမဆုံးရုပ်ရှင်ရုံအဖြစ် ကြာသပတေးနေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရုံက မွမ်ဘိုင်းက ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ အပေါ်ဆုံးခေါင်မိုးပေါ်မှာတည်ရှိတာပါ။ပီဗွီအာရ်ကို အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီက ပိုင်ဆိုင်တာဖြစ်ပါတယ်။ အခုဖွင့်လှစ်လိုက်တဲ့ ခေါင်မိုးပေါ်က ရုပ်ရှင်ရုံကို ကားအစီးရေ ၂၉၀ ရပ်နားနိုင်တဲ့ အကျယ်အဝန်းရှိပါတယ်။

ခေါင်မိုးပေါ်ကားမောင်းတက်ပြီးကြည့်ရတဲ့ လေဟာပြင်ရုပ်ရှင်ရုံဖွင့်ပွဲကို ရုပ်သံရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

Source: AFP