ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေအကြား လဲလှယ်မှုတန်ဖိုး အပြောင်းအလဲကြမ်းလွန်းတဲ့အတွက် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံရေးတွေမှာ အမေရိကန်ဒေါ်လာအစား ယွမ်ငွေနှင့် အခြားအာရှငွေကြေးတွေကို တိုးမြှင့် သုံးစွဲဖို့ စီစဉ်နေတယ်လို့ ထိုင်းဗဟိုဘဏ်ကပြောပါတယ်။

ထိုင်းဘဏ်(ဘီအိုတီ)ဟာ  ငွေကြေးလဲလှယ်နှုန်းအန္တရာယ်လျှော့ချရာတွင် အထောက်အကူဖြစ်စေဖို့ ဒေသတွင်းငွေကြေး တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို မျှော်လင့်ထားတဲ့အကြောင်းနှင့် ဘာဖြစ်လို့လဲဆိုတော့ အဲဒီငွေကြေးတွေဟာ ထိုင်းဘတ်နှင့် အတွဲညီတဲ့အတွက်ကြောင့်လို့ ထိုင်းဗဟိုဘဏ်ရဲ့  လက်ထောက် ဥက္ကဋ္ဌ အလီဆာရာ မဟာဆန်ဒါနာကို ဘန်ကောက်ပို့စ်သတင်းစာနှင့်အင်တာဗျူးမှာပြောခဲ့ပါတယ်။

ဒေါ်လာထက် အဲဒီငွေကြေးတွေကို တိုးမြှင့်အသုံးပြုဖို့ ထိုင်းက အားထုတ်နေတာ ဆယ်စုနှစ်တစ်စုရှိပါပြီ။ အခုဆို အဟုန်တစ်ခုရလာပြီဖြစ်ပြီး နှစ်နိုင်ငံ ဗဟိုဘဏ်အချင်းချင်း စီစဉ်ဆောင်ရွက်မှုတွေနှင့် ဘဏ္ဍာရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတွေကလည်း တစ်ပုံတစ်ခေါင်းကြီးရှိနေပြီလို့ သူမက ပြောပါတယ်။

ကုန်သွယ်ရေးနှင့် ခရီးသွားအားထားနေရတဲ့ ထိုင်းနိုင်ငံဟာ  ပြည်တွင်းငွေကြေးကို တန်ဖိုးကျစေပြီး  စီးပွားရေး နိုင်ငံရေးပရိယာယ် လက်နက်သွယ်ဖြစ်လာနေတဲ့ ဒေါ်လာရဲ့တန်ဖိုးဆက်မြင့်နေတဲ့ အန္တရာယ်ကို လျော့ပါးသက်သာစေဖို့ ကြိုးစားနေကြတဲ့ အခြားသောနိုင်ငံများနှင့်အတူ ပါဝင်လာတာဖြစ်ပါတယ်။ ထိုင်းဗဟိုဘဏ်ဟာ တရုတ်၊မလေးရှား၊ အင်ဒိုနီးရှားတို့နှင့် ပြည်တွင်းငွေကြေးတိုးမြှင့်သုံးစွဲရေး ပူးပေါင်း လုပ်ဆောင်နေပါပြီး လာမယ့် ဒုတိယနှစ်ဝက်မှာ တိုးတက်မှုတွေမြင်တွေ့ရမယ်လို့ အလီဆာရာကဆက်ပြောပါတယ်။

ကမ္ဘာအနှံ့ အမေရိကန်ဒေါ်လာ ဗိလ်ကျစိုးမိုးမှုကို တိုက်ဖျက်ဖို့တုန့်ပြန်မှုတွေ ကြီးထွားလာနေတဲ့အချိန်မှာ ထိုင်းနိုင်ငံက ယခုလိုလုပ်ဆောင်လာတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။ တရုတ်နိုင်ငံဟာ ယွမ်နှင့်ကုန်သွယ်ဖို့ သဘောတူညီချက်တွေ အများအပြားရရှိထားပြီး အိန္ဒိယနိုင်ငံကလည်း ရူပီးကိုတိုးမြှင့်အသုံပြုရေးလုပ်ဆောင်နေပါတယ်။ ဘရာဇီးမှသည် အာဂျင်တီးနားအထိ နိုင်ငံတွေဟာ ငွေစက္ကူစိမ်း(အမေရိကန်ဒေါ်လာ) အစာထိုးအသုံးပြနိုင်ရေး နည်းလမ်း‌တွေ ရှာဖွေနေပါတယ်။

“ ဒေါ်လာနှင့်ဘတ်လဲလှယ်မှု မတည်ငြိမ်တာဟာ ပြီးခဲ့တဲ့နှစ်ကတည်းက မြင့်တက်လာနေတယ်။ အဲဒါကြောင့် ဒါကို ဖြေရှင်းဖို့ ကိရိယာတွေအများကြီးပိုလိုအပ်လာတယ်” လို့ အလီဆာရာက ဆက်ပြောပါတယ်။

Source BangkokPost

#Dedollarization

#ThailandCentralBank