အီလွန်မတ်စ်က သူနှင့် မက်တာ Meta စီအီးအို မတ်ခ်ဇူကာဘတ်တို့ရဲ့ သတ်ပုတ်ပွဲကို သူ့ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း အိတ်စ် X မှာ တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့ပြောလိုက်ပါတယ်။ အိတ်စ်ဆိုတာ ယခင်တွစ်တာကို နာမည်ပြောင်းခဲ့ တာဖြစ်ပါတယ်။

ဇွန်လကတည်းကစပြီး အီလွန်မတ်စ်နှင့် ဇူကာဘတ်တို့ ဆိုရှယ်မီဒီယာသူဋ္ဌေးကြီးနှစ်ဦးဟာ တစ်ဦးနှင့်တစ်ဦး  လက်စ်ဗီးဂါးမှာ ကိုယ်ခံပညာတွေရောနှောထားတဲ့ သတ်ပုတ်ပွဲလုပ်ကြဖို့ ပြောဆိုနေခဲ့ကြပါတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။

“ဇူနှင့် မတ်စ်တို့ရဲ့ ထိုးကြိတ်သတ်ပုတ်ပွဲကို အိတ်စ်မှာ တိုက်ရိုက်ထုတ်လွှင့်ပြသပေးပါမယ်။ ရတာတွေအားလုံးကို စစ်ပြန်တွေအတွက် လှူဒါန်းသွားပါမယ်” လို့ မတ်စ်က တနင်္ဂနွေ(ဩဂုတ်၆) ရက်မနက်က သူ့ရဲ့ပလက်ဖောင်း အိတ်စ်မှာ ပို့စ်တင်ထားပါတယ်။ဒါပေမယ့် သူက အသေးစိတ်ကိုတော့ပြောမထားပါဘူး။

ရိုက်တာသတင်းဌာနက ဇူကာဘတ်ရဲ့ မက်တာ Meta ကိုဆက်သွယ်ပြီး မှတ်ချက်တောင်းပေမယ့် ချက်ခြင်းမတုန့်ပြန်သေးပါဘူးလို့ သတင်းကရေးသားထားပါတယ်။

Source Reuters