Published 5 Nov 2021

အမေရိကန်ဘောလုံးသမားတွေဟာ ကွင်းထဲမှာ တစ်ဦးကိုတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ခြေမရှိဘူးလို့ သုတေသနပြုလုပ်ချက် အသစ်တစ်ခုက တွေ့ရှိရပါတယ်။
ကွင်းထဲမှာ ထိတွေ့မှုတွေကို အဝေးထိန်းအီလက်ထရွန်းနစ်စနစ်နှင့် မှတ်တမ်းတင်တာ လုပ်ဆောင်ခဲ့တဲ့ အင်တာကောလီဂျီရိတ်အရှေ့တောင်ပိုင်းကွန်ဖရင့်ဆီက သူတို့ရရှိ စုဆောင်းရရှိတဲ့ အချက်အလက်တွေကို သုတေသနပညာရှင်တွေက ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။

ကစားသမားတွေအားလုံးကို တစ်ပတ်ကို သုံးကြိမ် ကိုဗစ်ပိုးစစ်ဆေးပါတယ်။ ပေါ့စတစ်ထွက်တဲ့ ကစားသမားနှင့် ၄၈နာရီအတွင်း ကွင်းထဲမှာ ထိတွေ့ခဲ့သူတွေဆီ ခြေရာခံလိုက်ခဲ့ပါတယ်။

၂၀၂၀ စက်တင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ ကောလိပ်ရဲ့ ဘောလုံးကစားသမား ၁,၁၉၀ ဦးဟာ ပုံမှန် ဘောလုံးပွဲပေါင်း ၆၄ ပွဲကနေ အပြန်အလှန်ထိတွေ့မှုပေါင်း ၁၁၀,၀၀၀ နီးပါးရှိခဲ့တယ်လို့ အချက်အလက်များအရ သိရပါတယ်။

တွေ့ရှိချက်အရ ပေါ့စတစ်ဖြစ်တဲ့ ကစားသမားနှင့် လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း အပြန်အလှန်ထိတွေ့မှုရှိခဲ့သူ တစ်ဦးတစ်ယောက်မျှ ပိုးကူးစက်ခြင်းမရှိခဲ့ကြောင်းတွေ့ရပါတယ်။
“ ဒီဲတွေ့ရှိချက်က အခြားအားကစားတွေကို တွက်ချက်ခန့်မှန်းလိုမရပါဘူး။ ဒါပေမယ့် ကူးစက်မှုတွေဟန့်တားဖို့ တင်းကြပ်မှုတွေလျော့ပါးစေတဲ့ မဟာဗျူဟာတွေကိုတော့ ကျွန်မတို သင်ယူနိုင်ပါတယ်လို့ ဒီလေ့လာမှုမှာပါဝင်တဲ့ တက္ကဆပ် အေအင်န်အမ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနက ရီဘက်ကာဖစ်ရှာက ပြောပါတယ်။

ဘတ်စ်ကက်ဘောလို အခန်းလေးထဲမှာ ကစားရတဲ့ ကစားပွဲတွေကိုတော့ တစ်တန်းတည်းထားပြီး မြင်လို့မရဘူး။ ယခုတွေ့ရှိချက်ဟာ လော့ကာအခန်းတွေနှင့် လေ့ကျင့်ရေးအခန်းတွေ မပါဝင်ဘူး။ အဲဒီနေရာတွေဟာ အန္တရာယ်မြင့်မားတယ်လို့ သိထားကြတဲ့နေရာတွေဖြစ်ပါတယ်လို့လည်း သူမက ဆက်ပြောပါတယ်။

Source Reuters 

#Yangon_Media_Group