#WorldHealth

Published - 4 November 2021

နယူးယော့ခ်မြို့ရှိ National Press Club ထဲမှာ လူပေါင်း ၂၀၀ ခန့်ရှိနေခဲ့ပြီး အားလုံးက ကိုရိုနာဗိုင်းရပ်စ်ပိုးမရှိဘူးလို့ ယုံကြည်မှုရှိနေကြပါတယ်။]

အထဲမဝင်ခင် နာရီဝက်အလိုမှာ ဝင်ရောက်မယ့်သူအားလုံး နှာခေါင်းအထဲက အသားစယူ စစ်ဆေးရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရှိမရှိအဖြေကို ခဏအတွင်းမှာပဲ သိရှိရပြီး အသုံးပြုတဲ့ပစ္စည်းကတော့ Visby Medical ဆေးကုမ္ပဏီကထုတ်လုပ်တဲ့ FDA အသိအမှတ်ပြု တစ်ခါသုံးပစ္စည်းကို အသုံးပြုတာဖြစ်ပါတယ်။

ပရော်ဖက်ဆာ Adam De La Zerda တည်ထောင်ထားတဲ့ Visby Medical ကုမ္ပဏီကထုတ်လုပ်တဲ့ ကိုဗစ်စစ်ဆေးတဲ့ပစ္စည်းဟာ ရောဂါပိုးရှာဖွေရာမှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာဖို့ရှိနေပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်ရောဂါဆင့်ကဲပျံ့ပွားနေတဲ့အချိန်မှာ ကိုဗစ်ရောဂါစစ်ဆေးဖို့ လျင်မြန်စိတ်ချရတဲ့ စမ်းသပ်ရေးပစ္စည်းတွေ အလွန်လိုအပ်နေပါတယ်။

အခုလက်ရှိ PCR test တွေကို ဓာတ်ခွဲခန်းတော်တော်များများမှာ အသုံးပြုနေကြပြီး အဖြေရရှိဖို့ နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအထိကြာတတ်ပါတယ်။

Visby Medical က ရောဂါပိုးစစ်ဆေးမယ့်ပစ္စည်းကို iPhone အရွယ်အစားမျှ သေးငယ်အောင်ပြုလုပ်ထားပြီး စမ်းသပ်ချက်ကိုလျင်မြန်စွာအဖြေရရှိအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါဟာ ပထမဦးဆုံးအသေးစား PCR test ပစ္စည်းဖြစ်လာပြီး မိနစ် ၃၀ အတွင်း စမ်းသပ်ချက်အဖြေထွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပရော်ဖက်ဆာ Adam De La Zerda က The Jerusalem Post ကိုပြောကြားရာမှာ သူတို့အဖွဲ့က ဆိုဖာအရွယ်အစားလောက်ရှိတဲ့ PCR test ကို လက်ဖဝါးမှာကိုင်ထားလို့ရတဲ့ အရွယ်လောက်အထိ သေးငယ်အောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

PCR test အသေးစားလေးကို ကြိုက်တဲ့နေရာသယ်ဆောင်သွားလို့ရပြီး တပြိုင်တည်းမှာ test များစွာစမ်းသပ်လို့ရပါတယ်။

ထောင်ပေါင်းများစွာသော အားကစားသမားတွေကို စစ်ဆေးဖို့အတွက် အမေရိကန်အိုလံပစ်အဖွဲ့ကို တိုကျိုမသွားခင်စမ်းသပ်စစ်ဆေးခဲ့ပါတယ်။၏

FDA အသိအမှတ်ပြု ရရှိအပြီးမှာ သုံးစွဲသူတွေထံ ပေးပို့ခဲ့ပြီး အတော်များများက ကိုယ့်ဘာသာစစ်ဆေးစမ်းသပ်ချင်ကြတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဒီကိုဗစ်ရောဂါပိုးစမ်းသပ်တဲ့ ပစ္စည်းအသေးလေးတွေကို ဆရာဝန်ရုံးခန်းဆေးခန်းတွေကိုသာ ရောင်းချပေးနေပါတယ်။
Source: The Jerusalem Post