#WorldPolitics

Published - 2 November 2021

ဘိုးအင်း(Boeing) ကုမ္ပဏီက KC-46A လေယာဉ်ကို ဂျပန်ဆီကို ပေးပို့လိုက်ပြီလို့ တနင်္ဂနွေနေ့က ကြေညာသွားပါတယ်။

အမေရိကန်တို့က လေထဲမှာတင် လောင်စာဆီဖြည့်ပေးနိုင်တဲ့ သူတို့ရဲ့လေယာဉ်ကို အခြားနိုင်ငံတစ်ခုဆီ ပို့ဆောင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဂျပန်နှင့်တရုတ်တို့ နိုင်ငံရေးတင်းမာမှု မြင့်တက်လာတာကြောင့် ဂျပန်တို့က ကာကွယ်ရေးအပိုင်းကို အရှိန်မြှင့်လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က အရင်ဆုံးသဘောတူစာချုပ်ချုပ်ခဲ့တဲ့အတိုင်း ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ (JASDF)က ထိုလေယာဉ်ကို လက်ခံရယူခဲ့ပါတယ်။

ဘိုအင်းရဲ့လေယာဉ်ပေးပို့မှုက အင်ဒိုပစိဖိတ်ဒေသမှာ အမေရိကန်နဲ့ဂျပန်တို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီးတဲ့တင်ပို့မှုတစ်ခုဖြစ်ပါတယ်။

အမေရိကန်လေတပ်နဲ့ JASDF တို့က အစပိုင်းမှာ KC-46A လေယာဉ်တစ်စင်းပို့ဆောင်ဖို့ သဘောတူထားပေမယ့် နောက်ထပ်လေယာဉ် ၃ စင်းပိုဆောင်ဖို့ အချက်အလက်လည်း ပါဝင်နေပါသေးတယ်။

ဘိုးရင်းက သူတို့ရဲ့လေယာဉ်ကို နောက်ဆုံးပေါ်နည်းပညာတွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး အဆင့်မြင့်အာရုံခံစနစ်တွေပါဝင်ကာ အခြားလေယာဉ်တွေကို လောင်စာဆီဖြည့်ပေးတဲ့အချိန်မှာ ခရီးသည်တွေနဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်ထားနိုင်မှာဖြစ်ပါတယ်။

အမေရိကန်လေတပ်က အသုံးပြုနေတဲ့ KC-46 အမျိုးအစားတွေဟာ ပြဿနာအနည်းငယ်တော့ ကြုံတွေ့နေရပါသေးတယ်။

ဂျပန်နိုင်ငံကို ဒီလေယာဉ်တင်ပို့မှုက အာရှမှာ တရုတ်တို့စစ်ရေးအရ ကြီးစိုးနေမှုအပေါ်တုန့်ပြန်ဖို့အတွက် အထောက်အကူဖြစ်လာဖို့ရှိပါတယ်။

တနင်္ဂနွေနေ့က ပါလီမန်ရွေးကောက်ပွဲမှာ နိုင်ငံအုပ်ချုပ်ရေးအဖွဲ့က လူအများစုရောက်ရှိနေကြပြီး တရုတ်တို့ကို နိုင်ငံအများကသတိထားစိုးရိမ်လာကြတာကြောင့် နိုင်ငံကာကွယ်ရေးအတွက် ၂ ဆသုံးစွဲသွားမှာဖြစ်တယ်လို့ ကတိပြုပြောကြားထားပါတယ်။

ဂျပန်နိုင်ငံဟာ ကျွန်းအချို့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရနဲ့အငြင်းပွားနေရတဲ့ အရှေ့တရုတ်ပင်လယ်နားက နိုင်ငံပိုင်နယ်မြေကာကွယ်ရေးကို အာရုံစိုက်နေတာဖြစ်ပါတယ်။
Source: Reuters