Published_ 30 June 2023

ကျွန်ုပ်တို့နားရွက်နားမှာ ခြင်တွေတဝီဝီအော်နေတာ စိတ်ရှုပ်စရာကောင်းသလို ခြင်ကိုက်ပြီးနောက် ယားယံဖုတွေထွက်လာရပါတယ်။

အင်တာနက်ပေါ်မှာ ခြင်ကိုက်ခြင်းကာကွယ်ဖို့နည်းလမ်းတွေ ရှာနေကြပေမယ့် တကယ်တမ်းအလုပ်ဖြစ်တဲ့နည်းလမ်း ၅ မျိုးကို အောက်စ်ဖို့ဒ်တက္ကသိုလ်မှ မေဆီဗော်လန်စ်က ဖော်ပြခဲ့ပါတယ်။

(၁) ဘီယာသောက်စားခြင်းရှောင်ပါ
ဘီယာသောက်ခြင်းနဲ့ ရေသောက်ခြင်းတို့မှာ ဘယ်အရာက ခြင်ပိုကိုက်စေသလဲဆိုတာကို ၂၀၁၀ ခုနှစ်က လေ့လာခဲ့ပါတယ်။

ဘီယာသောက်တဲ့သူတွေမှာ ခြင်ပိုကိုက်ကြပြီး ရေသောက်တဲ့သူတွေမှာတော့ ကွဲပြားခြားနားခြင်းမရှိပါဘူး။

(၂) အမွှေးအကြိုင်သုံးပါ
အမွှေးအကြိုင်ပစ္စည်းတွေက အနံ့ဆိုးကင်းဝေးစေရုံမက ပါဝင်တဲ့ အိုက်ဆိုပရိုပိုင်းတက်ထရာဒီကာနိုအိတ်က ခြင်တွေကို ထိရောက်စွာပြေးစေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

ချွေးထွက်တဲ့အခါမှာ ပိုးမွှားတွေ ပိုမိုလာရောက်ကပ်ငြိနိုင်တယ်လို့လည်း တွေ့ရှိထားပါတယ်။

(၃) အသီးအနှံများရွေးချယ်စားသုံးပါ
အချို့အသီးအနှံတွေစားသုံးခြင်းက ခြင်တွေအကြိုက်လည်း ဖြစ်နေနိုင်ပါတယ်။

ငှက်ပျောသီးစားပြီးတဲ့အခါ လက်မှာကျန်တဲ့အနံ့က ခြင်တွေကိုဆွဲဆောင်စေပါတယ်။

(၄) ပိုးမွှားဖျန်းဆေးအသုံးပြုပါ
ပိုးမွှားသတ်ဆေးတွေမှာပါဝင်တဲ့ ဒိဓာတုပစ္စည်းဟာ အရေပြားပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။

အနံ့အသက်သိပ်မကောင်းပေမယ့် ခြင်ကိုက်ခြင်းမှအကြာရှည်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

(၅) အဝတ်အစားများကို ပိုးသတ်ဆေးဖျန်းပါ
အရေပြားမှာ ပိုးသတ်ဆေးမသုံးချင်ဘူးဆိုရင် အဝတ်အစားများအပေါ်မှာ ဖျန်းပေးနိုင်ပါတယ်။

ဆပ်ပြားအမျိုးအစားအမျိုးမျိုးက ခြင်ပိုကိုက်စေသလားဆိုတဲ့အပေါ် သက်ရောက်မှုမရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ကြက်သွန်ဖြူ၊ ဗိုက်တာမင်-ဒီစားသုံးခြင်းတို့ဖြင့် ခြင်ကင်းဝေးစေတယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရှိထားပါဘူး။
Source: The Sun
#World_Health
#YMG #Yangon_Times