Published_ 30 June 2023

စစ်ဘက်ဆိုင်ရာဝယ်ယူရေး သဘောတူညီမှုများမှ ဒေါ်လာ ၂ သန်းအလွဲသုံးစားလုပ်မှုဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့တဲ့ ဗီယက်နမ်ကမ်းရိုးတန်းစောင့် ကွန်မန်ဒါဟောင်းတစ်ဦးကို ဗီယက်နမ်စစ်ဘက်ဆိုင်ရာ တရားရုံးတစ်ခုက ကြာသပတေးနေ့မှာ ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

အသက် ၅၉ နှစ်ရှိ 'ငုယင်ဗန်ဆွန်'ဟာ ကမ်းရိုးတန်းစောင့်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်စဉ် ဗီယက်နမ်ဒေါင်ငွေ ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၁၂ သန်း)ခိုးယူမှုကို စီစဉ်ခဲ့သူလို့ စွဲချက်တင်ခံရကာ ဒီဖြစ်ရပ်ဟာ ကာကွယ်ရေးဌာနရဲ့ပုံရိပ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေတယ်လို့ VOV က ဖော်ပြလိုက်ပါတယ်။

ဒါ့အပြင် ကြံရာပါ ၆ ဦးကိုလည်း ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

ယခုနှစ်အတွင်း ရာထူးမြင့်အရာရှိများစွာ ထောင်ဒဏ်ချမှတ်ခံနေရပြီး ကွန်မြူနစ်ပါတီအကြီးအကဲ 'ငုယင်ဖူထရွန်'ရဲ့ အကျင့်ပျက်ခြစားမှုနှိမ်နင်းမှုတွေထဲမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ တရားခံတွေဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ နှုတ်ထွက်ခြင်းနဲ့ လက်ထောက်ဝန်ကြီးချုပ်ဟောင်း ၂ ဦးတို့လည်း ထုတ်ပယ်ခံထားရပါတယ်။

အလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်တဲ့အတွက် အခြားထိပ်သီးကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၆ ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်မှ ၁၀ နှစ်ခွဲအထိ ချမှတ်ခဲ့ကြောင်း VOV က ဆိုပါတယ်။

ငုယင်ဗန်ဆွန်ဟာ ၂၀၁၅ မှ ၂၀၂၀ အတွင်း ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုအလွဲသုံးစားလုပ်ခြင်း၊ အလွဲသုံးစားဝယ်ယူခြင်းများအပါအဝင် စည်းကမ်းချိုးဖောက်မှုများ ပြုလုပ်ခဲ့ရာမှာ တာဝန်ရှိခဲ့ပြီး ယမန်နှစ်က ယင်းတို့ကိုဖမ်းဆီးခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
Source: Reuters.
#World_News
#YMG #Yangon_Times