Published_ 30 June 2023

အတူနေသူနဲ့ အိပ်ရာတစ်ခုထဲအိပ်တာထက်စာရင် တစ်ယောက်တည်းအိပ်စက်ခြင်းက ပိုမိုကျန်းမာနိုင်ကြောင်း OneCare မီဒီယာမှ အွန်လိုင်းစစ်တမ်းကောက်ယူရရှိခဲ့ပါတယ်။

စုံတွဲများအနေဖြင့် အခန်းသပ်သပ်စီ ဒါမှမဟုတ် အိပ်ရာသပ်သပ်စီ အိပ်စက်ခြင်းက ညဘက်မှာကောင်းစွာ အိပ်ပျော်စေဖို့အကောင်းဆုံးနည်းလမ်း ဖြစ်နေနိုင်ပါတယ်။

အမေရိကန်မှ အသက် ၁၈ နှစ်နဲ့အထက် အမျိုးသား ၆၂၅ ဦး၊ အမျိုးသမီး ၆၂၅ ဦးတို့ကို စစ်တမ်းကောက်ယူခဲ့ရာမှာ အားလုံးက လူတစ်ယောက်နဲ့အိပ်ရာအတူတူ အိပ်စက်လေ့ရှိတယ်လို့ ဆိုပါတယ်။

ထိုထဲကမှ ၁.၄ ရာခိုင်နှုန်းကသာ ယမန်နှစ်က ခွဲအိပ်ခဲ့ကြပြီး ၅၂.၉ ရာခိုင်နှုန်းက အိပ်စက်မှုမှာတိုးတက်မှုရှိခဲ့ပါတယ်။

ခွဲအိပ်ခဲ့ပြီးနောက် တစ်ညကို ၃၇ မိနစ်လောက် အိပ်ချိန်ပိုရခဲ့တယ်လို့ သိရပါတယ်။

၁၅ ရာခိုင်နှုန်းလောက်က အိပ်ချိန်မတူညီကြတာကြောင့် ခွဲအိပ်ဖြစ်ခဲ့ကြပြီး ၂၅.၈ ရာခိုင်နှုန်းနီးပါးကတော့ အိမ်ထောင်ရေးကိစ္စများကြောင့် ခွဲအိပ်ခဲ့ကြပါတယ်။

ခွဲအိပ်ကြတဲ့အခါ ကောင်းစွာအိပ်စက်နိုင်ကြပြီး ကျန်းမာရေးကောင်းမွန်စေကြောင်း သုံးသပ်ခဲ့ကြပါတယ်။

စစ်တမ်းဖြေကြားသူ'ရက်ဂျီနာခရော့စ်'က ကိုယ်ဝန်ဆောင်စဉ် သူ့အမျိုးသားနဲ့ခွဲအိပ်ခဲ့ပြီး ကလေးမွေးပြီးနောက် အတူပြန်အိပ်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သပ်သပ်စီခွဲအိပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

အိပ်ပျော်ရန်ခက်ခဲခြင်းများ၊ ဓာတ်မတည့်ခြင်းစတဲ့ ကိစ္စများကြောင့်လည်း ခွဲအိပ်ဖို့အကြောင်းအရင်း ဖြစ်လာတတ်ပါတယ်။

ခွဲအိပ်တာကလည်း တသက်လုံးခွဲအိပ်နေစရာမလိုပါဘူး။

အမ်မလီဝီလ်ဆန်နဲ့ ခရစ္စတို့ကတော့ ရာသီအပိုင်းအခြားလိုက် ခွဲအိပ်နေကြကာ တစ်နှစ်ကို ရက်သတ္တပတ် ၆ ပတ်မျှ ခွဲအိပ်ကြပါတယ်။

နွေဦးရာသီရောက်လို့ အမျိုးသားမှာ ဓာတ်မတည့်မှုဖြစ်လာတာနဲ့ ခွဲအိပ်ကြကြောင်း အမ်မလီကဆိုပါတယ်။

ဒါပေမဲ့ သူ့အမျိုးသားမှာ ဓာတ်မတည့်မှုတွေ သက်သာသွားရင်တော့ ပြန်ပြီးအတူအိပ်ရဖို့မျှော်လင့်နေကြောင်းလည်း ဆိုပါတယ်။

ပြန်ပြီးတော့ အတူအိပ်စက်တာကလည်း အိပ်စက်ခြင်းမှာ တိုးတက်စေပြီး ခွဲအိပ်စဉ်ကထက် ၁၀ မိနစ် ၁၂ မိနစ်မျှ ပိုပြီးအိပ်စက်နိုင်ခဲ့ကာ ၄၀ ရာခိုင်နှုန်းကတော့ အိပ်စက်ခြင်းတိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times