#WorldHealth

Published - 31 October 2021

အစ္စရေးလ်နိုင်ငံမှ Oravax ဆေးကုမ္ပဏီက သူတို့ရဲ့ Novel ကို‌ဗစ်ကာကွယ်ရေးသောက်ဆေးရဲ့ ပထမအဆင့်စမ်းသပ်ချက်ကို စစ်ဆေးစမ်းသပ်ဖို့ တောင်အာဖရိကကျန်းမာရေးစောင့်ရှောက်ရေး တာဝန်ရှိသူတွေထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်တယ်လို့ ကြေညာလိုက်ပြီး အစမ်းသပ်ခံချင်သူများကို စာရင်းကောက်သွားမှာဖြစ်ပါတယ်။

Oravax Medical ဟာ Oramed Pharmaceutical ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်ပြီး အစ္စရေးလ်လူမျိုး CEO Nadav Kidron က ဦးစီးနေတာဖြစ်ပါတယ်။

"Oravax ရဲ့ ကိုဗစ်ကာကွယ်ရေးသောက်ဆေးဟာ booster အားမြှင့်ကာကွယ်ဆေးအပြင် ကာကွယ်ဆေးမထိုးရသေးတဲ့ သူတွေအတွက်ပါ အသုံးပြုလို့ ရလာနိုင်မှာဖြစ်တယ်"လို့ Kidron က ပြောပါတယ်။

ကိုဗစ်ကာကွယ်ရေးသောက်ဆေးရရှိခြင်းကြောင့် နေရာဒေသအနှံ့အပြားကို လျင်မြန်စွာ ဖြန့်ဝေနိုင်မှာဖြစ်ပြီး အိမ်မှာတင် အသုံးပြုလို့ရနိုင်လာမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးပထမအဆင့်ပြီးပါက ဒုတိယအဆင့်ကို တခါတည်းစမ်းသပ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေမှာ အသုံးပြုခွင့်ရဖို့ လျှောက်တင်သွားမှာဖြစ်ပါတယ်။

ပထမအဆင့်စမ်းသပ်ချက်ကို အစ္စ‌ရေးလ်မှာ ပြုလုပ်တော့မှာဖြစ်ပေမယ့် ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးအတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

ဒီသောက်ဆေးကို ဖော်ထုတ်ထားတဲ့ နည်းပညာအရ ကိုဗစ်ရောဂါပိုးမျိုးဗီဇကွဲတွေကို ပိုမိုခံနိုင်ရည်ရှိလာမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်က ပထမအဆင့်ကို ကျော်ဖြတ်လာရင် ဒုတိယအဆင့်က တားဆီးမှာဖြစ်ပြီး ဒုတိယအဆင့်ကို ဖြတ်ကျော်လာရင် တတိယအဆင့်ရှိနေမှာဖြစ်ပါတယ်။
Source: The Jerusalem Post