Published 28 October 2021

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူ ဝမ်ဝင်ဘင်းက “ အမေရိကန်နှင့်ထိုင်ဝမ်အကြား တရားဝင်အပြန်အလှန်ဆက်ဆံမှုနှင့် စစ်ရေးထိတွေ့ဆက်ဆံမှုတွေ၊ တရုတ်ရဲ့ပြည်တွင်းရေးကို အမေရိကန်က ဝင်ရောက်စွက်ဖက်မှုတွေနှင့် ပြသနာကြီးထွားအောင်ရန်စဖို့ကြိုးပမ်းနေမှုတွေ ကို တရုတ်က ပြတ်သားစွာ ဆန့်ကျင်တယ်လို့  အောက်တိုဘာ ၂၈ရက်က ပြောလိုက်ပါတယ်။

ထိုင်ဝမ်သမ္မတက စီအင်န်အင်န်နှင့်အင်တာဗျူးတစ်ခုမှာ အမေရိကန်စစ်သားအနည်းငယ်ဟာ ထိုင်ဝမ်ကျွန်းပေါ်မှာ ရှိနေကြတယ်ဆိုတာကို အတည်ပြုပြောဆိုခဲ့ပြီးနောက်(ယနေ့သတင်းဖော်ပြပေးပြီး) တရုတ်က အခုလို ပြင်းထန်စွာတုန့်ပြန်ခဲ့တာပါ။

သတင်းအပြည့်အစုံကို ရုပ်သံသတင်းမှာတင်ဆက်ထားပါတယ်။

Source AFP