Published 4 June 2023

ဆော်ဒီအာရေဗျနိုင်ငံဦးဆောင်တဲ့ ရေနံအဓိကထုတ်လုပ်သည့် နိုင်ငံတွေက ယနေ့(တနင်္ဂနွေနေ့)မှာ တွေ့ဆုံကြတဲ့အခါ  ရေနံဈေးနှုန်းတွေကျဆင်းနေတာကို ဇက်ကြိုးဆွဲထားနိုင်ဖို့ ထုတ်လုပ်မှုကို ထပ်လျှော့ဖို့ ဖြစ်နိုင်ချေ ကြီးထွားလာနေတယ်လို့ အေအက်ဖ်ပီကသတင်းရေးပါတယ်။

၁၃ နိုင်ငံပါဝင်တဲ့ ရေနံထုတ်လုပ်ရောင်းချသူနိုင်ငံများအဖွဲ့(အိုပက်)ဟာ ရုရှားအပါအဝင် အခြားသော ရေနံထုတ်လုပ်တဲ့ နိုင်ငံ(၁၀)နိုင်ငံနှင့် တွေ့ဆုံကာ အဖွဲ့ရဲ့ အနာဂတ်ရေနံထုတ်လုပ်မှုမူဝါဒအပေါ်ပြန်လည်သုံးသပ်ဆွေးနွေးဖို့ရှိနေပါတယ်။

လူချင်းတွေ့ကြမယ့် အိုပက်နှင့်အပေါင်း အစည်းအဝေးဟာ ဗီယင်နာမှာ တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

သုံးသပ်သူတွေက အိုပက်နှင့်အပေါင်း ရေနံထုတ်လုပ်နိုင်ငံတွေဟာ သူတို့ရဲ့လက်ရှိ မူဝါဒကို ဆက်ထိန်းသွားမယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် လက်ရှိအတိုင်းဆက်သွားနေရင် ရေနံဈေးကွက်ကို တည်ငြိမ်အောင်လုပ်ဆောင်ဖို့ အတော်လိုအပ်နေမယ်ဆိုတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်နေပါတယ်။

ဧပြီလတုန်းက အိုပက်နှင့်အပေါင်း အဖွဲ့ဝင်နိုင်ငံတော်တော်များများက တစ်ရက်ကို ရေနံစိမ်းစည်ပေါင်း တစ်သန်းကျော် လျှော့ချဖို့ ဆန္ဒအလျောက်သဘောတူခဲ့ကြပါတယ်။ ဒါဟာ ဈေးနှုန်းကိုကြားကန်ပေးမယ့် မထင်မှတ်တဲ့ လုပ်ဆောင်  မှုတစ်ခုဖြစ်ခဲ့ပေမယ့် ရေရှည်ထိန်းနိုင်မှုတော့ မရခဲ့ဖြစ်ခဲ့ကြရပါတယ်။

လက်ရှိအကြီးစားထုတ်လုပ်သူတွေဖြစ်တဲ့ ဆော်ဒီနှင့် ရုရှားတို့က ဒီလမ်းကြောင်းအတိုင်း လက်ရှိမူဝါဒနှင့်ပဲ ဆက်နေမှာ လား၊ ဒါမှမဟုတ် အပြောင်းအလဲရှိမလားဆိုတာကိုတော့ သုံးသပ်သူတွေအကြား ဝိဝါဒကွဲပြားနေကြပါတယ်။

အစည်းအဝေးနှင့်နီးစပ်တဲ့သတင်းအရင်းအမြစ်ကတော့ တစ်ရက်ကို ရေနံစိမ်းးစည် ခုနှစ်သိန်းမှ တစ်သန်းအထိ လျှော့ချ ထုတ်လုပ်ဖို့နည်းလမ်းကိုဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။ ဒါပေမယ့် အီရန်နိုင်ငံရဲ့ အိုပက်အုပ်ချုပ်ရေးမှူး အမ်မီယာ ဟောစိန်ဇမ်မန်နီနီယားက “ယနေ့ ထုတ်လုပ်မှုပမာဏကိစ္စ မဆွေးနွးခဲ့ဘူး” လို့ အေအက်ဖ်ပီကိုပြောပါတယ်။

ဒါပေမယ့် တနင်္ဂနွေဆွေးနွေးတဲ့အခါ ဖြစ်နိုင်တဲ့ နည်းလမ်းတွေအားလုံးဆွေးနွေးသွားမယ်လို့ သူကဖြည့်စွက်ပြောပါတယ်။

ဧပြီလတုန်းက ထုတ်လုပ်မှုလျှော့ချက်တည်းက ရေနံဈေးနှုန်းဟာ ၁၀ရာခိုင်နှုန်းက ကျဆင်းခဲ့ပါတယ်။ ဘရန့်ရေနံစိမ်း ဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ၇၀နားကပ်ခဲ့ပါတယ်။ ဒီလိုအဆင့်ကို ၂၀၂၁ ဒီဇင်ဘာကတည်းက မရောက်ခဲ့တာပါ။

အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုတွေကိုဖြေရှင်းတဲ့ ဘဏ်အတိုးနှုန်းမြင့်တက်မှုတွေနှင့် တရုတ်နိုင်ငံရဲ့ ကိုဗစ်အလွန် စီးပွားရေးထုံ့ပိုင်းသွားမှုပြန်ကျော့တာတွေရှိလာလို့ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုတွေကြောင့် ရေနံလိုအပ်ချက်ဟာ ဆက်ကျဆင်းနေဦးမှာကို ရေနံကုန်သည်တွေက စိတ်ပူနေကြပါတယ်။

“ တနင်္ဂနွေနေ့ ဝန်ကြီးများအစည်းအဝေးဟာ ဈေးကွက်ကိုပြန်လည်ဟန်ချက်ညီဖို့နှင့် မည်သည့် အနာဂတ်စိန်ခေါ်မှုတွေ အတွက်မဆို ကျွန်တော်တို့ အသေအချာအဆင်သင့်ပြင်ဆင်ထားဖို့ဖြစ်တယ်” လို့ အစည်းအဝေးတက်လာတဲ့ ယူအေအီး စွမ်းအင်ဝန်ကြီး ဆူဟေးလ်မိုဟာမက်အယ််မာဇရိုအီကပြောပါတယ်။

ရုရှား ဒုတိယဝန်ကြီးချုပ် အလက်ဇင်းဒါးနိုဗက်ကတော့ “အိုပက်နှင့်အပေါင်းဟာ လမ်းကြောင်းပြောင်းဖို့ မလိုအပ်ဘူး။ ဘာဖြစ်လို့လဲဆုထတော့ ဈေးတက်လို့ အမြတ်ထွက်ဖို့ခက်တယ်လို့ မြင်နေတယ်လို့ Commerzbank က ကုန်စည်လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

ရုရှားဟာ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကို ရေနံစိမ်း ဈေးနှုန်းချိသာစွာရောင်းချပေးနေပါတယ်။ ဆော်ဒီအာရေဗျကတော့ ဘတ်ဂျက်ကို ဟန်ချက်ညီစေဖို့ ဈေးနှုန်းမြင့်ဖို့လိုတယ်လို့ပြောပါတယ်။ သူတို့ဟာ ရေနံတစ်စည်ဈေးနှုန်း ဒေါ်လာ ၈၀ ကျော်မှအမြတ်ထွက်မှာဖြစ်တယ်လို့ အဆိုပါသုံးသပ်သူတွေကပြောပါတယ်

Source AFP

 

#YangonMediaGroup

#OPEC+

#အိုပက်နှင့်အပေါင်း