#World_Health
Published 5 May 2023


ဩစတြေးလျ မဲလ်ဘုန်းရှိ မိုနက်ရှ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဦးနှောက်ရဲ့ပုံပန်းသဏ္ဍာန်ဟာ လူတစ်ယောက်ရဲ့ စဉ်းစားပုံ၊ ခံစားရပုံ၊ ပြုမူပုံတွေအပေါ် များစွာလွှမ်းမိုးနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

ဦးနှောက်အတွင်းရှိ နျူရွန်ချိတ်ဆက်မှုဟာ ဦးနှောက်လုပ်ဆောင်ချက်ကို တွန်းအားပေးနေတယ်လို့ သိပ္ပံပညာရှင်များထင်မြင်ခဲ့ကြပါတယ်။

 

လက်ရှိ သုတေသနပြုချက်များအရ ရှုပ်ထွေးတဲ့ချိတ်ဆက်မှုတွေထက်စာရင် ဦးနှောက်အကွက်များ၊ ပုံသဏ္ဍာန်များ၊ ခေါက်ရာများက ပိုပြီးသက်ရောက်နေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

သိပ္ပံပညာရှင်တွေက လူ ၂၅၅ ယောက်ရဲ့ဦးနှောက်ကို ဓာတ်မှန်ရိုက်ကာ မတူညီတဲ့ဦးနှောက်ပုံစံ ၁ သောင်းကျော်ကို လေ့လာခဲ့ကြကာ ဦးနှောက်ပုံသဏ္ဍာန်ရဲ့ သက်ရောက်ပုံတွေကို နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

တုန်ခါမှုသဘာဝပုံစံတွေကို ဖော်ပြနေတဲ့ eigenmode စနစ်ကို ဦးနှောက်လှုပ်ရှားမှုမှာ ထည့်သွင်းခဲ့ပါတယ်။

 

စာတမ်းပြုစုသူ'ဂျိမ်းစ်ပန်'က ဦးနှောက်ဂျီဩမေတြီနဲ့ ဦးနှောက်လုပ်ဆောင်ချက်မှာပါဝင်တဲ့ အခန်းကဏ္ဍကိုနှိုင်းယှဉ်ကာ ကျောက်တုံးတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ရေကန်အတွင်း လှိုင်းလုံးကြီးရဲ့ပုံသဏ္ဍာန်နဲ့ အရွယ်အစားကို နှိုင်းယှဉ်ခဲ့ပါတယ်။

 

ဂျီဩမေတြီက လှိုင်းပုံသဏ္ဍာန်ကိုလမ်းညွှန်ပေးတဲ့အတွက် လူတွေက မတူညီတဲ့အလုပ်တွေကို လုပ်ဆောင်တဲ့အခါ မြင်ရတဲ့လှုပ်ရှားမှုပုံစံတွေနဲ့ ဆက်စပ်နေပါတယ်လို့ ရှင်းပြခဲ့ပါတယ်။

 

ဦးနှောက်ပုံသဏ္ဍာန်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ဒီမန်ရှာ၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းလိုမျိုး ရောဂါတွေနဲ့ဆက်စပ်နေတဲ့ ဦးနှောက်လုပ်ဆောင်ချက်များရဲ့ အကျိုးသက်ရောက်မှုများကို သိပ္ပံပညာရှင်များ နားလည်သဘောပေါက်စေရန် ကူညီပေးနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

 

Source: NY Post #World_Health ##ဦးနှောက်ပုံသဏ္ဍာန် #လူတစ်ယောက်၏ အတွေးအခေါ်အပြုအမူ
#YMG #Yangon_Media_Group