#World_Health
Published 5 May 2023


ကလေးငယ်တွေ မြေကြီးပေါ်မှာဆော့ကစားရင်း ညစ်ပတ်နေတဲ့လက်တွေကို ပါးစပ်ထဲထည့်မိပြီး ဖုန်တွေကိုစားမိတာမျိုး ဖြစ်လေ့ရှိပါတယ်။

 

ထိုအခါမှာ လူကြီးမိဘတွေက ဒီလုပ်ရပ်ကိုတားပြီး ကလေးတွေရဲ့လက်တွေ မျက်နှာတွေကို သုတ်ပေးလေ့ရှိပါတယ်။

 

ထိုမြေကြီးမှာ တိရိစ္ဆာန်အညစ်အကြေးတွေ ဓာတုပစ္စည်းတွေ မပါဝင်ဘူးဆိုရင် ထိုမြေကြီးဟာ စားသုံးဖို့ဘေးကင်းပါတယ်။

 

မြေမှုန်တစ်ဂရမ်မှာ ဘက်တီးရီးယားဆဲလ် ၁ ဘီလီယံကျော်ပါဝင်ပြီး ရောဂါကာကွယ်ပေးမယ့် ကိုယ်ခံအားစနစ်အတွက် လေ့ကျင့်ပေးသလို ပြုမူပါတယ်။

 

ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးနေဖို့လိုအပ်ပြီး အဆက်မပြတ်လုပ်ဆောင်နေဖို့လိုအပ်ကြောင်း၊ အဲဒီလိုမဟုတ်ရင် ရောဂါတွေပိုမိုဝင်ရောက်လာနိုင်ကြောင်း ချီကာဂိုတက္ကသိုလ်မှ ညွှန်ကြားရေးမှူးဒေါက်တာ'ဂျက်ခ်ဂီလ်ဘတ်'က ပြောကြားခဲ့ပါတယ်။

 

တိရိစ္ဆာန်တွေနဲ့ အပင်တွေဆီက အဏုဇီဝအမှုန်တွေနဲ့ ထိတွေ့ရာကနေ ကလေးတွေမှာ ရောဂါကူးစက်နိုင်ချေ နည်းပါးလာလိမ့်မယ်လို့ ဆိုပါတယ်။

 

အပြင်မှာထွက်ကစားလေ့ရှိတဲ့ ကလေးတွေဟာ အိမ်ထဲမှာ တီဗီ၊ iPad ကြည့်နေတဲ့ကလေးတွေထက် ပိုပြီးကျန်းမာပါတယ်။

 

ထိုမြေကြီးတွေဟာ တိရိစ္ဆာန်တွေနဲ့ အပင်ဆွေးမြေ့ပစ္စည်းတွေနဲ့ ပါဝင်ဖွဲ့စည်းထားကာ ဘက်တီးရီးယား ၂၅,၀၀၀ ခန့်ပါဝင်ပါတယ်။

 

လူသာ ကျန်းမာနေမယ်ဆိုရင် မြေကြီးစားမိလို့ နေမကောင်းဖြစ်တာမျိုး မဖြစ်နိုင်ပါဘူး။

 

ကိုယ်ခံအားချို့တဲ့တဲ့ကလေးတွေနဲ့ ဒဏ်ရာရှိနေတဲ့ကလေးတွေကတော့ မြေကြီးမှာ မကစားသင့်ပါဘူး။

 

တစ်ခါတရံမှာ လူတွေက ဓာတုဆေးရည်တွေ ပက်ဖျန်းတာမျိုး၊ တိရိစ္ဆာန်အညစ်အကြေးတွေ ရှိနေတာမျိုးတဲ့အခါမှာတော့ မြေကြီးကိုမစားသင့်ပါဘူး။

 

အကျိုးဖြစ်စေတဲ့မြေကြီးတွေထဲမှာ ဓာတ်မတည့်၍နှာချေခြင်း၊ အစားအစာမတည့်ခြင်း၊ အရေပြားဓာတ်မတည့်ခြင်းလိုမျိုး ဖြစ်နိုင်ချေနည်းစေပါတယ်။

 

အပြင်မှာကစားပြီးတဲ့အခါမှာတော့ သေချာလက်ဆေးကြောတာမျိုးတော့ ပြုလုပ်ပေးသင့်ပါတယ်။

 

Source: Fatherly #World_Health #ဆော့ကစားရင်းမြေမှုန်စားမိခြင်း #ကိုယ်ခံအားစနစ်အတွက်ကောင်းမွန်စေကြောင်း #YMG #Yangon_Media_Group