#WorldHealth

Published - 28 October 2021

စမတ်ဖုန်းထဲက အက်ပ်လီကေးရှင်းအသုံးပြုပြီး ကိုဗစ်ရောဂါပိုးရှိမရှိ နေအိမ်မှာပဲ စမ်းသပ်စစ်ဆေးနိုင်မယ့်ပစ္စည်းအသစ်ကို Becton Dickinson ဆေးပစ္စည်းကုမ္ပဏီက Amazon.com ကုမ္ပဏီနဲ့ လက်တွဲပြီး စတင်တင်သွင်းနေပြီဖြစ်ပါတယ်။

BD Veritor At-Home COVID-19 Test လို့ခေါ်တဲ့ ဒီဆေးပစ္စည်းကို ဩဂုတ်လက အမေရိကန်ရှိ တာဝန်ရှိသူတွေက အသိအမှတ်ပြုလိုက်ပြီဖြစ်ပြီး ဒီဆေးပစ္စည်းနဲ့ စမ်းသပ်ရရှိလာတဲ့စစ်ဆေးချက်ရလာဒ်တွေဟာ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းတွေထံ အလိုအလျောက် ရောက်ရှိသွားမှာဖြစ်ပါတယ်။

"ဒီပစ္စည်းနဲ့ပတ်သက်ပြီး အထူးခြားဆုံးအချက်က စစ်ဆေးချက်ရလာဒ်တွေကို ဒီဂျစ်တယ်စနစ်နဲ့ ပြသနေမှာဖြစ်တယ်"လို့ Becton Dickinson ကုမ္ပဏီရဲ့ ပါမောက္ခချုပ် ဒေ့ဗ်ဟစ်ကီက ဆိုပါတယ်။

အခြားကိုဗစ်စစ်ဆေးတဲ့ပစ္စည်းတွေကတော့ အဖြေသိရဖို့အတွက် သွားရောက်တင်ပြဖို့ လိုပါတယ်။

ပစ္စည်းဟာ များများရောင်းချနေရတဲ့အတွက် Amazon အပြင် တခြားလုပ်ငန်းရှင်တွေနဲ့လည်း လက်တွဲဖြန့်ဖြူးဖို့ Becton Dickinson က စီစဉ်နေပြီး တစ်လကို ပစ္စည်းအရေအတွက် ၁၂ သန်းခန့်ထုတ်လုပ်နိုင်တယ်လို့ ဟစ်ကီကပြောသွားပါတယ်။

အမေရိကန်လုပ်ငန်းရှင်တွေနဲ့ စာသင်ကျောင်းတွေက ထိုပစ္စည်းတွေကို အများအပြားဝယ်ယူထားတာကြောင့် လတ်တလောမှာ ပစ္စည်းရှားပါးနေပါတယ်။

ပစ္စည်းနှစ်ခုပါတဲ့ BD Veritor at-home test တစ်ထုပ်ကို ဒေါ်လာ ၄၀ ဖြင့်ဝယ်ယူရရှိနိုင်တယ်လို့သိရပါတယ်။
Source: Reuters.