#WorldHealth

Published-  26 October 2021

mRNA ကာကွယ်ဆေးအမျိုးအစားမထိုးချင်တဲ့ စင်္ကာပူကလူတွေအတွက် Sinovac ဆိုင်နိုဗက်ကာကွယ်ဆေးကို တစ်နိုင်ငံလုံးကာကွယ်ဆေးထိုးရမယ့်အစီအစဉ်ထဲ ထည့်သွင်းသွားမှာဖြစ်ပါတယ်။

ဆေးပညာအဖွဲ့အစည်းရဲ့ တာဝန်ရှိသူတွေက ကပ်ရောဂါကို ထိရောက်စွာတုံပြန်နိုင်ဖို ကြားဖြတ်အနေနဲ့ ဆိုင်နိုဗက်ဆေးကို ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဆိုင်နိုဗက်ကာကွယ်ဆေး ၃ ကြိမ်ထိုးပြီးပါက ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးပြီဖြစ်ကြောင်း သတ်မှတ်မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာက ဆိုပါတယ်။

ပထမအကြိမ်ထိုးပြီး ၂၈ ရက်အကြာမှာ ဒုတိယအကြိမ်ထိုးနှံရမှာဖြစ်ပြီး နောက်ထပ် ရက် ၉၀ အကြာမှာ တတိယအကြိမ်ထိုးနှံရမှာဖြစ်ပါတယ်။

ကာကွယ်ဆေးအကျိုးသက်ရောက်မှု တာရှည်နေဖို့ တတိယအကြိမ်ကို အစဉ်လိုက်ကာကွယ်ဆေးထိုးသွားရမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးကာကွယ်ဆေးထိုးရမယ့် အစီအစဉ်အရ ဆိုင်နိုဗက်ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ခွင့်ပြုချက်မရခင် ကိုယ့်စရိတ်နဲ့ကိုယ် ဆိုင်နိုဗက်ကာကွယ်ဆေးထိုးထားတဲ့သူတွေကိုတော့ ကုန်ကျစရိတ်ပြန်ပေးသွားမှာမဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးကဆိုပါတယ်။

ဆိုင်နိုဗက်ကာကွယ်ဆေးကို ရက်ဖယ်စ်စီးတီးကွန်ဗန်းရှင်းစင်တာမှာ ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။

ကာကွယ်ဆေးထိုးနှံခွင့်ရှိတဲ့ လူဦးရေ ၉၄ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထိုးဖို့ စာရင်းပေးပြီးသွားပြီဖြစ်ပါတယ်။

ကာကွယ်ဆေးမထိုးရသေးတဲ့ ကျန် ၆ ရာခိုင်နှုန်းမှာ လူပေါင်း ၇ သောင်းခန့်က အသက် ၆၀ နဲ့ ၇၀ အထက်လူကြီးတွေဖြစ်ကြပါတယ်။

"အဲဒီအသက်အရွယ်ကြီးသူတွေက ကိုဗစ်ရောဂါကူးစက်ခံရရင် ရောဂါပြင်းထန်ဖို့များတယ်။ ကျန်းမာရေးအခြေအနေအရ mRNA ကာကွယ်ဆေးအမျိုးအစား ထိုးလို့မဖြစ်တဲ့ သူတွေရှိပါတယ်။ တခြားလူတွေကလည်း mRNA မဟုတ်တဲ့ ကာကွယ်ဆေးကိုသာ ထိုးချင်ကြတယ်။

 ဒါကြောင့် ပြည်သူတွေကာကွယ်ဆေးထိုးချင်လာအောင် ဆိုင်နိုဗက်ကာကွယ်ဆေးရရှိဖို့ ကြိုးပမ်းသွားမှာပါ"လို့ ကျန်းမာရေးဝန်ကြီးကဆိုပါတယ်။

အသက် ၁၂ မှ ၁၇ နှစ်ကြားအရွယ်တွေမှာ ဆိုင်နိုဗက်ကာကွယ်ဆေးထိုးနှံဖို့ ခွင့်ပြုချက်မရသေးတာကြောင့် ဒီအသက်အရွယ်တွေမှာ ဆိုင်နိုဗက်ကို ဘယ်လိုဘေးကင်းစိတ်ချစွာ ထိုးနှံနိုင်မလဲဆိုတာကို ရှာဖွေသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

Source: Straits Times