#WorldPolitics

Published - 25 October 2021

တရုတ်တို့က စနေနေ့မှာ နယ်စပ်ဥပဒေတစ်ခုထုတ်ပြန်လိုက်ပြီး တာလီဘန်တွေအုပ်စိုးနေတဲ့ အာဖဂန်နစ္စတန်မှာ ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို စိုးရိမ်နေရတာတွေ၊ အရှေ့တောင်အာရှနိုင်ငံတွေမှ ကိုဗစ်ရောဂါကူးစက်မှုကို စိုးရိမ်နေရတာတွေ၊ အိန္ဒိယနဲ့ အချိန်ကြာမြင့်စွာ သူစိမ်းဆန်ဆန်နေထိုင်မှုတွေကြောင့် သူတို့ရဲ့ နယ်စပ်တွေကို ထိရောက်စွာကာကွယ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒီဥပဒေဟာ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ချမှတ်သွားမှာဖြစ်ပြီး နယ်စပ်လုံခြုံရေးစနစ်ကို မလိုအပ်ဘဲပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

ဒါဟာ တရုတ်တို့က သူတို့နယ်စပ်ကိုထိန်းချုပ်ကာကွယ်နိုင်စွမ်းအပေါ် ဘယ်လောက်အထိ ယုံကြည်မှုရှိနေသလဲဆိုတာ ပေါ်လွင်နေပါတယ်။

တရုတ်တို့ရဲ့ အိမ်နီးချင်းအာဖဂန်နစ္စတန်မှာ ဩဂုတ်လက တာလီဘန်တွေ ပြန်လည်ထိန်းချုပ်လာတာကြောင့် တရုတ်က သေချာစောင့်ကြည့်နေရပြီး ဒုက္ခသည်တွေ ဝင်ရောက်လာနိုင်တဲ့အပြင် တရုတ်ပြည် ရှင်ကျန်ဒေသမှာနေထိုင်တဲ့ တူရကီမွတ်ဆလင်တွေနဲ့ချိတ်ဆက်ပြီး ဝင်ရောက်လာနိုင်မယ့် အစ္စလာမ်အစွန်းရောက်တွေ ရန်မှ ကာကွယ်ဖို့လည်း သတိထားစောင့်ကြည့်နေရပါတယ်။

ဟီမာလာယန်နယ်စပ်မှာ ၂၀၂၀ ဧပရယ်လကတည်းက တရုတ်နဲ့အိန္ဒိယစစ်သားတွေဟာ ခပ်ခွာခွာစောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီနှစ်ပိုင်းမှာ မြန်မာနဲ့ဗီယက်နမ်နိုင်ငံတို့မှ တရားမဝင်ကူးဝင်လာသူများကြောင့် ယူနန်နဲ့ကွမ်ရှီတောင်ပိုင်းဒေသတွေမှာ ရောဂါကူးစက်နှုန်းမြင့်မားခဲ့တာကြောင့် ကိုဗစ်ရောဂါပိုးကို တရုတ်တိုက အတော်လေးကြိုးစားထိန်းချုပ်နေရပါတယ်။

လွန်ခဲ့တဲ့ ၇၂ နှစ်က ဖွဲ့စည်းခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ပထမဆုံးအကြိမ်အဖြစ် ဒီလိုဥပဒေထုတ်ပြန်တာဖြစ်ပြီး အင်အားကြီးရုရှားနိုင်ငံနဲ့ နျူကလီးယားထုတ်လုပ်နိုင်တဲ့ မြောက်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်မြေ ၂၂၀၀၀ ကီလိုမီတာကို တရုတ်တို့က ဘယ်လိုအုပ်ချုပ်ကာကွယ်မလဲဆိုတာကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နယ်စပ်လုံခြုံရေးနဲ့ နယ်မြေအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ထိရောက်စွာလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။

တရုတ်စစ်တပ်၊ တော်လှန်ရေးရဲတပ်ဖွဲ့နဲ့ ပြည်သူလက်နက်ကိုင်ရဲတပ်ဖွဲ့တို့က နယ်စပ်ကျူးကျော်ထိပါးမှုတွေကို တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။

အဲဒီဥပဒေမှာ နယ်စပ်အနီးနား ပစ်ခတ်မှုတွေ စစ်ပွဲတွေဖြစ်ပွားပြီး နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်လာပါက တရုတ်တို့ကနယ်စပ်ကို ပိတ်ပစ်ဖို့သဘောတူညီချက်လည်း ပါဝင်ပါတယ်။

Source: Reuters