#WorldPolitics

Published 25 October 2021

ထိုင်ဝမ်နှင့်အမေရိကန်အရာရှိတွေဟာ ကုလသမဂ္ဂကို ထိုင်ဝမ် အဓိပ္ပါယ်ရှိရှိ ပါဝင်နိုင်ရေးဘယ်လိုလုပ်နိုင်မလဲ ဆိုတာတွေနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

ကုလသမဂ္ဂကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝင်ရောက်မှု နှစ်၅၀ပြည့်အထိမ်းအမှတ် တရုတ်သမ္မတရှီကျင့်ဖျင်က မိန့်ခွန်းပြောဖို့အစီအစဉ်မတိုင်ခင် ရက်အနည်းငယ်မျှအလိုမှာ ယခုလိုထိုင်ဝမ်နှင့်အမေရိကန်တို့ဆွေးနွေးကြခြင်းဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ ၁၉၇၁ခုနှစ် အောက်တိုဘာ ၂၅ရက်အထိ ကုလသမဂ္ဂမှာ တရုတ်သမ္မတနိုင်ငံ Republic of Chinaဆိုတဲ့ အမည်ဟောင်းနှင့် တရုတ်နိုင်ငံထိုင်ခုံတစ်ခုံရရှိခဲ့ပါတယ်။ အဲဒီနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကုလကမဲပေးထောက်ခံပြီးနောက် ထိုင်ဝမ်ဟာ သူ့ထိုင်ခုံကိုလက်လွှတ်ခဲ့ရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁၉၄၉မှာ ပြည်တွင်းစစ်အနိုင်ရပြီး သမ္မတအစိုးရ(ဟာ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

စနေနေ့နှောင်းပိုင်းမှာ ထုတ်ပြန်တဲ့ကြေညာချက်မှာ အမေရိကန်နှင့်ထိုင်ဝမ်အရာရှိတွေဟည သောကြာနေ့တုန်းက အွန်လိုင်းနှင့်တွေ့ဆုံခဲ့ကြပြီး “ ကုလသမဂ္ဂမှာ ထိုင်ဝမ်အနေနှင့် အဓိပ္ပါယ်ရှိရှိ ပါဝင်ဆောင်ရွက်နိုင်စွမ်းကို ထောက်ခံတဲ့ အကြောင်း အလေးပေးဆွေးနွေးခဲ့ကြတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“ ထိုင်ဝမ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂမူဘောင်ကွန်ဗင်းရှင်းတွေမှာ အဓိပ္ပါယ်ရှိရှိ ပါဝင်နိုင်ရေးအတွက် အမေရိကန်ရဲ့ ကတိကဝတ်တွေကို အမေရိကန်အရာရှိတွေက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပြီးတော့ ကျယ်ပြန့်တဲ့ ကိစ္စတွေအတွက် ထိုင်ဝမ်ရဲ့ ကြိုးပမ်းဆောင်ရွက်ပေးနိုင်စွမ်းတဲ့ နည်းလမ်းတွေကို အလေးပေး ဆွေးနွေးခဲ့ကြတယ်” လို့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ခေတ္တဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟူဂိုယွန်၊တရုတ်၊ထိုင်ဝမ်နှင့် မွန်ဂိုလီးယားဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရစ်ဝါးတား နှင့် ဝါရှင်တန်မှာရှိတဲ့ ထိုင်ဝမ်ရဲ့ de facto ဒုတိယသံအမတ်ကြီး ဝမ်လျမ်ယုတို့ပါဝင်ဆွေးနွေးကြတာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်က ပြတ်ပြတ်သားသားထောက်ခံလို့ ကျေးဇူးတင်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ တနင်္လာနေ့(အောက်တိုဘာ ၂၅ရက်နေ့)မှာ သမ္မတ ရှီဟာ ကုလသမဂ္ဂမှာ တရုတ်နိုင်ငံတရားဝင်နေရာရရှိခဲ့တဲ့ နှစ်၅၀အထိမ်းအမှတ်မိန့်ခွန်းပြောဖို့ရှိနေပါတယ်။ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုက လက်ခံဖို့ တရုတ်က ထိုင်ဝမ်ကို နိုင်ငံရေးနှင့်စစ်ရေးအရ ဖိအားပေးထားခဲ့ပါ တယ်။ ထိုင်ဝမ်က သူတို့ဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်တယ်၊ တရုတ်ကတိုက်ခိုက်လာရင် ပြန်ခုံခံကာကွယ်သွားမယ် လို့ပြောနေတာဖြစ်ပါတယ်။

Source Reuters