Published 24 October 2021

အီရန်နိုင်ငံ ၊အဇာဘိုင်ဂျန်ပြည်နယ် အုပ်ချုပ်ရေးမှူးအဘီဒင်ခိုရမ်ဟာ အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောနေစဉ် အမည်မသိ လူတစ်ဦးက စင်ပေါ်တက်လာပြီး အုပ်ချုပ်ရေးမှူးကို ပါးရိုက်ခဲ့ပါတယ်။ အီရန် အနောက်မြောက်ပြည်နယ် အဇာဘိုင်ဂျန်က အဲဒီအခမ်းအနားကို အီရန် ပြည်ထဲရေးဝန်ကြီး အာမက် ဗာဟီဒီတက်ရောက်ခဲ့စဉ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီသူနှင့်ပတ်သက်လို့ စုံစမ်းစစ် ဆေးနေပြီး အဲဒီဖြစ်ရပ်ကို အီရန်နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။

Source AFP