Published 24 October 2021

ရုရှားနှင့်တရုတ်စစ်သင်္ဘောအုပ်စုဟာ ယင်းတို့ရဲ့ ပထမဆုံးပူးတွဲကင်းလှည့်ခြင်းကို ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်ပိုင်းမှာ အောက်တိုဘာ ၁၇ရက်ကနေ ၂၃ရက်အထိပြုလုပ်ခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ရက်မှာ သတင်းထုတ်ပြန်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းရေးသားလိုက်ပါတယ်။

အောက်တိုဘာလဆန်းပိုင်းက ျပန်ပင်လယ်မှာ ရေတပ်များပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့ မော်စကိုနှင့်ဘေဂျင်းတို့ဟာ အနောက်နိုင်ငံများနှင့်သူတို့ရဲ့ဆက်ဆံရေးတွေ ဆိုးရွားခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်များအတွင်း နီးကပ်တဲ့ စစ်ရေးနှင့်သံတမန်ဆက်ဆံရေးတွေကို ပြုစုပျိုးထောင်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့ ရေတပ်စနစ်တကျလှုပ်ရှားဆောင်ရွက်မှုတွေကို ဂျပန်က အနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။ တရုတ်နှင့်ရုရှားတို့ဟာ ဂျပန်ရဲ့ကျွန်းမကြီးနှင့် မြောက်ပိုင်းကျွန်း ဟိုကိုင်းဒိုးတို့ကို ခွဲထားတဲ့ ဆူဂါရုရေလက်ကြားတစ်လျောက် စစ်သင်္ဘောတွေခုတ်မောင်းသွားတဲ့အကြောင်း ဒီတစ်ပတ်စောစောပိုင်းမှာ ဂျပန်က ဆယ်နိင်ငံအုပ်စုကိုပြောကြားခဲ့ပါတယ်။

“ သင်္ဘောအုပ်စုဟာ ကင်းလှည့်တဲ့လုပ်ငန်းအစိတ်အပိုင်းတစ်ခုဖြစ် ဆူဂါရုရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပါတဘ်” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲဒီရေလက်ကြားဟာ နိုင်ငံတကာရေပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်ပါတယ်။

“ ကင်းလှည့်တဲ့လုပ်ငန်းဟာ ရုရှားနှင့်တရုတ်နိုင်င့တော်အလံတွေကိုသရုပ်ပြပြီး အာရှပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းပေးဖို့နှင့် နှစ်နိုင်ငံရဲ့ ရေကြောင်းဆိုင်ရာစီးပွားလုပ်ငန်းဆောင်ရွက်မှုတွေကို အုပ်ထိန်းဖို့ဖြစ်တယ်” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားပါတယ်။

Source Reuters