Published 16 April 2023

တောက်လျောက်ကျဆင်းလာနေတဲ့ တောင်ကိုရီးယားရဲ့ သန္ဓေအောင်နှုန်းကို ကုစားဖို့ လွန်ခဲ့တဲ့ ၁၅နှစ်ကစပြီး အစိုးရက ဒေါ်လာ ၂၁၂ ဘီလျံအထိသုံးစွဲခဲ့ပေမယ့် အဆိုပါကျဆင်းမှုရပ်တန့်သွားအောင် သိပ်မလုပ်နိုင်ခဲ့တဲ့အတွက် တောင်ကိုရီး ယားဟာ ယခုဆို နိုင်ငံရပ်ခြားအလုပ်သမားတွေပိုပြီးခေါ်ယူလာနေရပါတယ်။

သန္ဓေအောင်နှုန်းကျဆင်းမှုအကြပ်အတည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်မှုကြောင့် ၂၀၅၀ အရောက်မှာ လူဦးရေ ထူထပ်တဲ့ အင်ဒိုနီးရှားနှင့် နိုင်ဂျီရီးယားတို့ဟာ စီးပွာရေးအရွယ်အစားအရ တောင်ကိုရီးယားကို ကျော်ဖြတ်လိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

နောက်အဆိုးမြင်တစ်ခုကတော့  ယခုပုံစံအတိုင်းမျိုးအောင်နှုန်းကျဆင်းနေမယ ၂၇၅၀ အရောက်မှာ တောင်ကိုးရီးယား    ဟာ နိုင်ငံအဖြစ်ကနေပါ ပျောက်ကွယ်သွားနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။

ဒေါ်လာဘီလျံချီသုံးစွဲခဲ့ပေမယ့် တောင်ကိုရီးယားရဲ့ ကလေးမွေးနှုန်းဟာ ဆက်လက်ကျဆင်းနေပါတယ်။ ၂၀၂၂ခုနှစ်မှာ တောင်ကိုရီးယားအမျိုးသမီးတစ်ဦးဟာ သူ့ဘဝတလျောက်လုံး ကလေးမွေးတာ တစ်ယောက်တောင်မပြည့်တဲ့ ( ၀.၇၈) အထိကျဆင်းနေပါတယ်။ ဆိုးလ်မြို့မှာဆိုရင် ဒီထက်ပင်ကျဆင်းနေပြီး (၀.၅၉)ပဲရှိပါတော့တယ်။

အချို့သောစီးပွားရေးကော်ပိုရေးရှင်းကြီးတွေက တောင်ကိုရီးယားရဲ့စီးပွားရေးမှာ မင်းမူနေပေမယ့် ကျန်တဲ့ ၉၉ ရာခိုင်နှုန်း ဟာ သူတို့နှင့်နှိုင်းယှဉ်ရင် အတော့်ကိုသေးငယ်တဲ့ ကုမ္ပဏီတွေဖြစ်နေကြပါတယ်။ ဒါပေမယ့် အဲဒီကုမ္ပဏီသေးတွေက လစာနိမ့်ပြီး အလုပ်ပင်ပန်းလွန်းလို့  တောင်ကိုးရီးယားလူငယ်တွေကြားထဲ သိပ်ပြီး ရေပန်းမစားလှပါဘူး၊ အဲဒါကြောင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ငါးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေဟာ သူတို့လိုချင်တဲ့ အလုပ်သမားတွေ လုံလုံလောက် လောက်မရရှိကြဘဲဖြစ်နေကြပါတယ်။

အဲဒါကြောင့်လည်း အစိုးရဟာ နိုင်ငံခြားအလုပ်သမားတွေပိုပြီး ရှာဖွေနေကြရပါတယ်။

၁၉၉၀ပြည့်နှစ်မှာ တောင်ကိုရီးယာနိုင်ငံတွင် ကာလရှည်နေထိုင်ခွင့်ရတဲ့ နိုင်ငံခြားသား အရေအတွက်ဟာ ၄၉၀၀၀ ဦး ရှိပါတယ်။ ဒါပေမယ့် ရက်၉၀ အောက်နေကြတဲ့သူတွေအပါအဝင် အတည်တကျနေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ ၂၀၂၉ခုနှစ်ကုန်ပိုင်းမှာ ၂.၅၂ သန်း အထိမြင့်တက်သွားခဲ့ပါတယ်။  ဒါဟာ တောင်ကိုရီးယားလူဦးရေ ၅၁သန်းရဲ့ ၄.၉ ရာခိုင် နှုန်းအထိရှိပါတယ်။

အဲဒီနိုင်ငံခြားသားတွေထဲက ၄၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံသားတွေဖြစ်ကြပြီး  ကိုရီးယားသွေးပါသူတွေဖြစ်ပါတယ်။  ကိုရီးယားတရုတ်တွေဟာ ဘာသာစကားတူ အစားအသောက်တူလို့ သူတို့ကိုပိုပြီးလိုချင်နေကြပါတယ်။ ဗီယက်နမ်လူမျိုး တွေဟာ ဒုတိယအများဆုံးဖြစ်ပြီး ထိုင်းက တတိယမြောက်အများဆုံးဖြစ်ကြပါတယ်။

၂၀၀၄ခုနှစ်မှာ တောင်ကိုရီးယားဟာ ကျွမ်းကျင်မှုနည်းတဲ့အလုပ်သမားတွေစတင်လက်ခံခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ  အစိုးရဟာ အလုပ်ခန့်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်အစအဆုံး ထိန်းချုပ်ထားပါတယ်။ စတင်ခန့်ရာကနေ သူတို့ကို အလုပ် နေရာချတာအလယ် သူတို့နိုင်ငံပြန်ပို့တာအဆုံးအားလုံးကိုထိန်းချုပ်ထားတာပါ။ အဲဒီအစီအစဉ်အောက်မှာ ကုန်ထုတ် လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ဝန်ဆောင်မှုနှင့်ငါးလုပ်ငန်းတွေ ပါဝင်ပါတယ်။

အလုပ်သမားဈေးကွက်ကိုဖွင့်ပေးခြင်းလို့ ပညာရှင်တစ်ဦးကပြောတဲ့ အဆိုပါလှုပ်ရှားမှုမှာ နိုင်ငံခြာသားအလုပ်သမား တွေကို ပီအာရ်လို့ခေါ်တဲ့ အမြဲတမ်းအခြေချနေထိုင်ခွင့်ရသူတွေဖြစ်အောင်ကူညီဖို့ တေင်ကိုရီးယားအစိုးရက  နည်းမျိုးစုံနှင့်ပြင်ဆင်ခဲ့ပါတယ်။

နိုင်ငံတကာလက်ထပ်ထိမ်းမြားခြင်းမှတစ်ဆင့် နိုင်ငံခြားသားအလုပ်သမားတွေဟာ အခုဆို တရားဝင်အတည်တကျ နေထိုင်ခွင့် ဒါမှမဟုတ် ပီအာရ် အဆင့်အတန်းကို ယခုရရှိနေကြပြီဖြစ်ပါတယ်။ အဲဒါကြောင့်လည်း နိုင်ငံခြားသားအလုပ် သမားတွေနှင့် တောင်ကိုရီးယားနိုင်ငံသားတွေ လက်ထပ်ထိမ်းမြားမှုဟာ ၂၀၀၀ပြည့်နှစ်ကတည်းက တဟုန်ထိုး တိုး တက်လာခဲ့ပါတယ်။  တောင်ကိုရီးယား နိုင်ငံသား ၁၀ဦးလက်ထပ်ရင် တစ်ဦးဟာ နိုင်ငံခြားသားနှင့်လက်ထပ်တာ အထူး သဖြင့်တရုတ်နှင့်ဗီယက်နမ်နိုင်ငံသားတွေနှင့်လက်ထပ်တာအထိ ဆယ်ချိုးတစ်ချိုး ဖြစ်လာပါတယ်။

အဲသလိုနိုင်ငံသားဖြစ်လာသူတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်နှင့် ကွာရှင်းလို့ပဲဖြစ်ဖြစ် သေဆုံးသွားလို့ပဲဖြစ်ဖြစ် နောက် တစ်ဦးနှင့် အိမ်ထောင်ထပ်ပြုရင် အိမ်ထောင်အသစ်ဟာ အလိုအလျောက် တောင်ကိုရီးယားနိုင်ငံသားဖြစ်လာပါတယ်။ ဒီလိုနည်းနှင့် တောင်ကိုးရီးယားနိုင်ငံသားဖြစ်လာကြတဲ့သူတွေထဲမှာ အရှေ့တောင်အာရှနိုင်ငံကလာသူတွေအရေ အတွက် ဟာ တစ်ဟုန်ထိုးတက်လာနေပါတယ်။

အစိုးရရဲ့ကျယ်ပြန်တဲ့အားပေးမှုတွေက နိုင်ငံခြားသားအလုပ်သမားတွေကို အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ်ပီအာရ်အဆင့်   အတန်းရရှိ တာတွေတိုးပွားလာရခြင်းရဲ့ အဓိကအချက်တစ်ခုဖြစ်တယ်လို့  တောင်ကိုရီးယားလူဝင်မှုမူဝါဒစာအုပ်ရေးသား သူ ဆေကာဂွန်းတက္ကသိုလ် ပါမောက္ခ အီကူမီဟာရူကီကပြောပါတယ်။

“ နိုင်ငံတစ်လွှားက နေရာ ၃၁၉နေရာမှာ တောင်ကိုရီးယားဟာ အခမဲ့ ဘာသာစကားသင်တန်းတွေလုပ်ပေးနေတယ်” လို့ ဟာရူကီကပြောပါတယ်။

ဒါပေမယ့် အစိုးရက အဲသလိုဘတ်ဂျက်အကြီးအကျယ်သုံးနေတဲ့အပေါ် ပြည်သူတွေက မကျေမချမ်းဖြစ်လာနေပါတယ်။  လစာတွေက များပေမယ့် နိုင်ငံခြားသားအလုပ်သမားတွေဟာ အလုပ်ချိန်အရှည်ကြီးအလုပ်လုပ်နေကြရပြီး  နိုင်ငံရဲ့ အလုပ်သမားတွေနှင့်ဆက်ဆံရာမှာ ရှေးရိုးအစဉ်အလာလိုဖြစ်နေခဲ့တဲ့ ခွဲခြားဆက်ဆံခံရတာတွေနှင့် ထိပါး နှောက်ယှက်ခံနေရတာတွေကိုလည်း နိုင်ငံခြားသားအလုပ်သမားတွေကြုံတွေ့နေကြရပါတယ်။

ဒါပေမယ့်လည်း အရှေ့တောင်အာရှက လူငယ်တွေအတွက် တောင်ကိုရီးယားဟာ အလုပ်လုပ်ဖို့ ဆွဲဆောင်မှုရှိနေတဲ့ နေရာအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ အဲဒီအထဲမှာ ကေပေါ့ယဉ်ကျေးမှုနှင့် ကိုရီးယားဒရာမာဇာတ်လမ်း တွေကလည်း ကိုရီးယားကိုသွားဖို့ ဆွဲဆောင်နေတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

မလုံလောက်မှုတွေရှိနေလင့်ကစား ကျဆင်းနေတဲ့ မွေးဖွားနှုန်းကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးအကျိုးဆက်ကို သက်သာအောင်ဘယ်လိုလုပ်မယ်ဆိုတဲ့ တန်ဖိုးရှိလှတဲ့သင်ခန်းစာတွေကိုတော့ တောင်ကိုရီးယားရဲ့ နိုင်ငံခြား လုပ်သား မူဝါဒက ပေးကမ်းနေတုန်းပဲဖြစ်ပါတယ်။

Source” Nikkei Asia

#YangonMediaGroup

#SpecialReport

#အထူးဆောင်းပါး

#တောင်ကိုရီးယား

#တောင်ကိုရီးယားကလေးမွေးနှုန်းကျဆင်း

#တောင်ကိုရီးယားနိုင်ငံခြားသားအလုပ်သမား