#World_Health
Published_ 17 April 2023

အပျိုဖော်ဝင်စအချိန်မှာ အာဟာရဓာတ်တွေနဲ့ ဗိုက်တာမင်ဓာတ်ချို့တဲ့တဲ့ မိန်းကလေးတွေအတွက် ဘလူးဘယ်ရီသီးက အကျိုးကျေးဇူးပေးစွမ်းနိုင်ကြောင်း Hindustan Times မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘလူးဘယ်ရီဟာ မည်သူအတွက်မဆို ကျန်းမာရေးအကျိုးကျေးဇူးများစွာ ဖြစ်စေနိုင်ပါတယ်။

"ဘလူးဘယ်ရီက ကယ်လိုရီနည်းပါးပြီး ဗိုက်တာမင်စီ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အမျှင်ဓာတ်များကြွယ်ဝပါတယ်။

အိုမင်းရင့်ရော်ခြင်း၊ ဆီးချို၊ သွေးပေါင်ချိန်နဲ့ဆက်စပ်နေတဲ့ နှလုံးသွေးကြောရောဂါတွေကို ကာကွယ်ရာမှာ ကူညီပေးပါတယ်" လို့ အိန္ဒိယကိုယ်ကာယဆရာက ရှင်းပြထားပါတယ်။

အလွန်အကျွံလှုပ်ရှားခြင်းကြောင့် ကြွက်သားထိခိုက်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းရဲ့ အစွမ်းသတ္တိက ဦးနှောက်လုပ်ဆောင်မှုကို တိုးတက်စေပြီး ဉာဏ်ရည်ယုတ်လျော့ခြင်းကို တားဆီးပေးပါတယ်။

ဗိုက်တာမင်စီကြွယ်ဝစွာပါဝင်ခြင်းက ဓမ္မတာမလာမီကာလမှာ ပရိုဂျက်စထရုန်းပမာဏကို ထိန်းညှိခြင်းအတွက် အရေးကြီးပါတယ်။

ဒါကြောင့် အမျိုးသမီးများ ဓမ္မတာမလာခင် ဘယ်ရီသီးများများစားပေးခြင်းဖြင့် ဝေဒနာများကို သက်သာစေမှာဖြစ်ကြောင်း ဒေါက်တာ'ဘဂျာဂျ်'က ပြောပြပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပိုပြီးစားသုံးပေးရင် ဓမ္မတာလာစဉ် ချွေးထွက်ခြင်း၊ ကဏာမငြိမ်ခြင်း၊ နွမ်းနယ်ခြင်း၊ စိတ်ပြဿနာတို့ကို သက်သာစေပါတယ်။

ဒါ့အပြင် ရင်သားကင်ဆာ သားအိမ်ခေါင်းကင်ဆာတို့ကို ကုသရာမှာအသုံးဝင်သလို အန်သိုဆိုင်ယာနင်နဲ့ ဖလေဗိုနွိုက်တို့က ရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ ကင်ဆာဖြစ်စေမယ့် DNA ထိခိုက်ခြင်းမှ ဆဲလ်များကိုကာကွယ်ပေးခြင်း၊ ကင်ဆာဆဲလ်များပွားများခြင်းမှ တားဆီးပေးခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
Source: The Jerusalem Post
#World_Health #ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှု #သက်သာစေမည့်ဘလူးဘယ်ရီ
#YMG #Yangon_Media_Group