#WorldHealth

Published -  15 Oct  2021

အရင်ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ နှိုင်းယှဉ်ပါက ဒယ်လ်တာမျိုးဗီဇကွဲကြောင့် ကလေးငယ်တွေမှာ ရောဂါပြင်းထန်မှု မဖြစ်စေနိုင်ဘူးလို့ အင်္ဂလန်ကလေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။အယ်လ်ဖာမျိုးဗီဇကွဲဟာ တရုတ်မှာအရင်ဆုံးတွေ့ခဲ့တဲ့ ဗိုင်းရပ်စ်တွေလောက် ကလေးတွေမှာ ရောဂါမပြင်းထန်စေဘူးလို့ ဒီနှစ်အစောပိုင်းတုန်းမှာ သုတေသနအဖွဲ့က တွေ့ရှိထားပါတယ်။

တွေ့ရှိချက်အသစ်အရ ဒယ်လ်တာမျိုးဗီဇကွဲက အယ်လ်ဖာမျိုးဗီဇကွဲလောက် ကလေးသူငယ်တွေမှာ ရောဂါပြင်းထန်မှု မဖြစ်စေဘူးလို့လည်း ဖော်ပြထားပါတယ်။၂၀၂၀ ဒီဇင်ဘာအစောပိုင်းကနေ ၂၀၂၁ မေလအစောပိုင်းအထိ အယ်လ်ဖာမျိုးဗီဇကွဲ ကူးစက်ခံရတဲ့ ကလေးငယ် ၆၉၄ ဦးနဲ့ မေလနောက်ပိုင်းကနေ ဇူလိုင်လအစောပိုင်းအထိ ဒယ်လ်တာမျိုးဗီဇကွဲကူးစက်ထားတဲ့ ကလေးငယ် ၇၀၆ ဦးကို သုတေသီတို့က လေ့လာခဲ့ကြပါတယ်။

ကြာသပတေးနေ့က သတင်းပေးပို့ချက်မှာ ဒယ်လ်တာကူးစက်ခံရတဲ့ ကလေးတွေမှာ ရောဂါလက္ခဏာတွေ ပိုတွေ့မြင်ရတယ်လို့ ဖော်ပြထားပါတယ်။ဒါပေမဲ့ ဒယ်လ်တာရော အယ်လ်ဖာရောကူးစက်ခံထားရတဲ့ ကလေးတွေ အနည်းငယ်လောက်သာ ဆေးရုံတက်ကုသရပြီး ရောဂါကြာရှည်ခံစားရတာမျိုး ဖြစ်လေ့မရှိပါဘူး။ကလေးတဝက်လောက်က ၅ ရက်ထက်ပိုပြီး ရောဂါမခံစားလိုက်ရပါဘူး။

သုတေသီတွေက ကလေးတွေကို အဖွဲ့ခွဲပြီးလေ့လာရာမှာ လော့ဒေါင်းချထားတဲ့အခြေအနေတွေ ရာသီဥတုကွဲပြားမှု စတဲ့အခြေအနေတွေကိုတော့ ထည့်သွင်းစဉ်းစားထားတာတော့ မဟုတ်ပါဘူး။

"ကလေးတွေမှာ ဒယ်လ်တာကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာခံစားရမှုတွေဟာ အခြားမျိုးဗီဇကွဲတွေနဲ့ အတော်ဆင်တူတာကို လေ့လာတွေ့ရှိထားပါတယ်" လို့ သုတေသီတို့က သုံးသပ်ထားပါတယ်။
ဒီသုံးသပ်ချက်က အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)ရဲ့ ဖော်ပြချက်ကို သရော်သယောင်ဖြစ်နေပါတယ်။

"ကလေးတွေမှာ ရောဂါကူးစက်မှုတွေဖြစ်ပွားပေမယ့်လည်း ဒီလေ့လာတွေ့ရှိချက်မှာတော့ ကလေးတွေမှာ ရောဂါပြင်းထန်မှုမဖြစ်စေဘူးလို့ ဖော်ပြထားပါတယ်" လို့ CDC မှဒါရိုက်တာဖြစ်သူ ဒေါက်တာရိုရှယ်လ်ဝလန်စကီက ပြောထားတာဖြစ်ပါတယ်။

"လူမှုဝန်းကျင်မှာ ရောဂါတွေ ပြန့်ပွားနေတာကြောင့် ကလေးငယ်တွေလည်း ကိုဗစ်ရောဂါပိုမိုဖြစ်ပွားလာတယ်"လို့ ဆိုပါတယ်။

Source Reuters