Published 12 Feb 2023

တရုတ်ရင်းနှီးမြှပ်နှံသူတွေဟာ အမေရိကန်နိုင်ငံမှာ မြေတွေဝယ်ယူထားတာဟာ အခုဆို နယူးယောက်မြို့ကြီးရရဲ့ နှစ်ဆနီးပါးအထိ ပမာဏာရှိလာနေပြီဖြစ်တယ်လို့ မကြာသေးမီက ထုတ်ပြန်တဲ့အမေရိကန် အစိုးရရဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

တရုတ်ရင်းနှီးမြှပ်နှံသူတွေဟာ အမေရိကန်မြေကြီးကို အခုဆို ၃၈၄, ၂၃၅ ဧက အထိပိုင်ဆိုင်နေပြီဖြစ်တယ်လို့  ပြီးခဲ့တဲ့ လကထုတ်ပြန်တဲ့  အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင် မြေများ ဆိုင်ရာ အစီရင်ခံစာမှာ ပါရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘီလျံနာ ဘီလ်ဂိတ်တစ်ဦးတည်း က လယ်ယာမြေ ၂၇၀,၀၀၀ ဧက ပိုင်ဆိုတာကိုတော့ ဖော်ပြ မထားပါဘူး။

မြေအများဆုံးပိုင်တဲ့ တရုတ်ကုမ္ပဏီက အစားအသောက်ထုတ်လုပ်တဲ့ ဖူဖန်းအုပ်စုဖြစ်ပြီး သူတို့ဟာ မြောက်ဒါကိုတာမှာ  ပြောင်းကြိတ်စက်နှင့် ဇီဝအချဉ်ဖောက်စက်ရုံတည်ဆောက်ဖို့  ၂၀၂၂ခုနှစ်က ဧက ၃၀၀ ဝယ်ယူထားပါတယ်။

ဖူဖန်းအုပ်စုမတိုင်ခင် တရုတ်ရင်းနှီးမြှပ်နှံသူတွေဟာ နိုင်ငံခြားပိုင်မြေစုစုပေါင်းရဲ့ ၀.၉ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ပါတယ်လို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနကပြောပါတယ်။ မြေယာတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂.၁ ဘီလျံရှိတယ်လို့ နယူးစ်ဝိခ် မဂ္ဂဇင်းက ရေးသားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က လေတပ်ဌာန လက်ထောက်ဝန်ကြီး အင်ဒရူးဟန်တာက မြောက်ဒါကိုတာ ဆီးနိတ်အမတ်တွေဖြစ်တဲ့  ဂျွန် ဟိုအီဗင်နှင့် ကေဗင်ကရင်မာတို့ထံ ဖူဖန်းစီမံကိန်းကို အားမပေးကြဖို့ စာတစ်စောင်ပေးပို့ပြီးနောက် ယခုလို အစီရင်ခံစာထုတ်ပြန်လိုက်တာြဖစ်ပါတယ်။

“ အဆိုပြုထားတဲ့စီမံကိန်းဟာ  ကျွန်တော်တို့စစ်ဆေင်ရေးနေရာကို အမျိုးသားလုံခြုံရေးအတွက် ရေတိုနှင့်ရေရှည်မှာ သိသာတဲ့ အကျိုးသက်ရောက်မှုတွေရှိလိမ့်မယ်” လို့ သူက  ဇန်နဝါရီ ၂၇ ရက်စာထဲမှာရေးထားတာပါ။

အဲဒီနောက်ဆီးနိတ်အမတ်တွေက ဖူဖန်းစီမိံကန်းကို ဆက်မသွားဖို့နှင့် အမေရိကန်ကုမ္ပဏီတစ်ခုခုက ဒီစိုက်ပျိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပူးတွဲသတင်းထုတ်ပြန်ခဲ့ကြပါတယ်။

Source: NYPost

#Chinese investors’_US_land_holdings

#China

#China_US