Published 12 Feb 2023

ထိုင်ဝမ်ကျွန်း မြောက်ပိုင်းမှာ ချစ်သူများနေ့ အကြိုအဖြစ် အသည်းနှလုံးပုံ မီးပုံးအကြီးစားကြီးနှစ်လုံးနှင့် အခြား မီးပုံးအငယ်များစွာတို့ကို  ဖေဖော်ဝါရီ (၁၁)ရက်က ကောင်းကင်ပေါ်လွှတ်တင်ခဲ့ကြပါတယ်။

အဲဒီအသည်းနှလုံးမီးပုံးကြီးနှစ်လုံးဟာ အရွယ်အစားအားဖြင့် ခြောက်မီတာ(၁၈ပေခန့်)မြင့်ပြီး  တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ပင်ရှီကောင်းကင်မီးပုံပျံပွဲတော်အတွင်း လွှတ်တင်ခဲ့တာပါ။

အဲဒီပွဲတော်မှာ ဧည့်သည်တွေဟာ မီးပုံးပေါ်မှာ သူတို့ရဲ့မျှော်လင့်ချက်တွေနှင့်ဆုတောင်းတွေကို ရေးကြပြီးကောင်းကင်ပေါ်လွှတ်တင်တာဖြစ်ပါတယ်။

Source AFP

#Taiwan

# Valentine's_Day

#Heart-shaped_lanterns