#WorldHealth

Published- 13 Oct 2021


မာ့ခ်ဆေးဝါးကုမ္ပဏီက ကိုဗစ်ရောဂါအပျော့စားနှင့် အလယ်အလတ်အဆင့် ခံစားရတဲ့လူနာတွေကိုကုသရာမှာ အသုံးပြုမယ့်ဆေးဝါးတွေအတွက်  အမေရိကန်အရေးပေါ်ဆေးဝါးခွင့်ပြုချက်ကို တောင်းဆိုလိုက်ပါတယ်။

ကိုဗစ်ရောဂါကုသရာမှာ ပထမဆုံးသောသောက်ဆေးဖြစ်လာဖို့ ရှိနေပါတယ်။သောက်ဆေးကို နေထိုင်ရာအိမ်မှာတင် သောက်သုံးနိုင်တာဖြစ်တဲ့အတွက် အမေရိကန်ဆေးဝါးနဲ့အစားအစာထိန်းချုပ်ရေးမှ ခွင့်ပြုချက်ရပါက ကိုဗစ်ရောဂါကုသရာမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

မော်နူပီရာဗီယာ molnupiravirသောက်ဆေးဖြင့် ရောဂါကူးစက်နိုင်ခြေရှိတဲ့ သာမန်ဖျားနာလူနာတွေကို စမ်းသပ်ကြည့်ရာ ဆေးရုံတက်ရောက်ကုသရမှုနဲ့ သေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း ဒီလအစောပိုင်းကထုတ်ပြန်တဲ့ အချက်အလက်တွေအရသိရပါတယ်။

ဒီသောက်ဆေးထိရောက်မှု အချက်အလက်တွေကြောင့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်သူတွေရဲ့ ရှယ်ယာဝေစုပိုင်ဆိုင်မှုတွေထိုးကျလာပြီး မလေးရှား တောင်ကိုရီးယား စင်္ကာပူအစရှိတဲ့နိုင်ငံတွေမှာဆိုရင် မာ့ခ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုဖို့ရှိတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့ ဆေးတစ်စုံကို ဒေါ်လာ ၇၀၀ နှုန်းဖြင့် ဆေးဝါးပေါင်း ၁.၇ သန်းထုတ်လုပ်ပေးဖို့ အမေရိကန်အစိုးရနဲ့ သဘောတူညီထားပါတယ်။

မာ့ခ်ကုမ္ပဏီက ၂၀၂၁ ခုနှစ်အဆုံးပိုင်းမှာ ဆေးဝါးပေါင်း ၁၀ သန်းထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
အိန္ဒိယအခြေစိုက်ဆေးဝါးထုတ်လုပ်သူတွေကိုလည်း မာ့ခ်ကဆေးဝါးထုတ်လုပ်ခွင့်ပေးဖို့ သဘောတူထားပါတယ်။ထိုဆေးဝါးထုတ်လုပ်သူတွေက အလယ်အလတ်နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံ ၁၀၀ ကျော်အတွက် ဆေးဝါးထောက်ပံ့ပေးဖို့ ရည်ရွယ်ထားကြတာဖြစ်ပါတယ်။

Source Reuters