#WorldNews

Published - 11 Oct 2021

ရှေးခတ်မက္ကဆီကန်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကမ္ဘာအနှံ့ကနေ ပြန်လည်ရှာဖွေရခဲ့ပြီးနောက် မက္ကဆီကိုနိုင်ငံက မက္ကဆီကို၏ အကြီးမြတ်ဆုံး ဆိုတဲ့ အမည်နှင့် ပြပွဲကြီးတစ်ခုကို ဖွင့်လှစ်ပြသခဲ့ပါတယ်။ မက္ကဆီကိုစီးတီးမှာရှိတဲ့ အမျိုးသား မနုဿဗေဒပြတိုက်မှာပြသနေတဲ့ အဲဒီပြပွဲကြီးမှာ အင်မတန်မှ ရှားပါးတဲ့ ပစ္စည်းအမယ်ပေါင်း ၁၅၀၀ ကိုချင်းကျင်းပြသထား ပါတယ်။ အဲဒီအထဲမှာ မေယန်ပန်းပုတွေနှင့် အက်ဇ်တက်ကော်ဒစ် မေဆိုအမေရိကန်လက်ရေးစာမူတွေလည်းပါဝင်ပါတယ်။

#Yangon_Media_Group