#WorldPolitics

+++++++++++++++++++++++++++++++++++++++

Published 11 October 2021

အီရတ်စစ်ပွဲအတွင်း အမေရိကန်တပ်တွေကို ဦးဆောင်ခဲ့ပြီးနောက် အမေရိကန်စစ်တပ်ရဲ့ စစ်ဦးစီးအရာရှိချုပ်လုပ်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချူပ်ကြီးရေအိုဒီယာနိုဟာ အသက်၆၇နှစ်အရွယ်မှာ ကင်ဆာရောဂါနှင့်ကွယ်လွန်သွားပါတယ်။

သူသေဆုံးခဲ့တာကို မိသားစုတွေက သောကြာနေ့ကကြေညာခဲ့တာဖြစ်ပြီး သူဟာ ကင်ဆာနှင့်သေဆုံးခဲ့တာဖြစ်ပြီး ကိုဗစ်နှင့် မသက်ဆိုင်ဘူးလို့ သူတို့ကပြောပါတယ်။

ဝက်ပွိုင့်ကျောင်းဆင်းဖြစ်တဲ့ အိုဒီယာနိုဟာ အမေရိကန်စစ်တပ်မှာ နှစ်ပေါင်း ၄၀နီးပါး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အဲဒီအထဲမှာ အီရတ်မှာ တာဝန်တွေထမ်းဆောင်ခဲ့တာလည်းပါဝင်ပါတယ်။

သူဟာ အမှတ်၄ ခြေလျင်တပ်မမှူးအဖြစ် အီရတ်စစ်ပွဲမှာ ဦးဆောင်ခဲ့ပါတယ်။ သူဟာ  ၂၀၀၃ခုနှစ်မှာ အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန်ကို ဖမ်းဆီးမိတဲ့ စစ်ဆင်ရေးကို စီစဉ်ညွှန်ကြားရေးမှာ ပါဝင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

“ သူဟာ တွင်းအောက်ခြေမှာရှိနေပြီး ဘယ်လိုမှပြန်တိုက်ခိုက်လို့မရဘူး။ သူ့ကို ကြွက်ကလေးတစ်ကောင်းလိုဖမ်းမိခဲ့တာ” လို့ ဆက်ဒမ်ဟူစိန်အဖမ်းခံရတုန်းက ဗိုလ်ချူပ်ကြီး အိုဒီယာနိုက အဲသလိုပြောခဲ့တာဖြစ်ပါတယ်။

၃၇နှစ်ကြာစစ်မှုထမ်းပြီးနောက် ၂၀၁၅ခုနှစ်မှာ သူဟာ စစ်တပ်က အငြိမ်းစားယူခဲ့ပါတယ်။

သူသေဆုံးရတဲ့အပေါ် အမေရိကန်စစ်တပ်၊ သမ္မတဂျိုးဘိုင်ဒင်ှင့် သမ္မတကတော်ဂျေးလ်ဘိုင်ဒင်တို့က ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

သမ္မတနှင့်သမ္မတကတော်တို့က သူ့ကို “သူရဲကောင်းတစ်ဦး” လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ သတင်းကြေညာချက်ထဲမှာ ဂုဏ်ပြုဖော်ပြခဲ့ကြပါတယ်။

ဗိုလ်ချူပ်ကြီးဟာ အမေရိကန်နိုင်ငံတစ်နိုင်ငံလုံးကို ပို၍ကောင်းမွန်သော ၊အားကောင်သော ၊လုံခြုံမှုရှိသော နိုင်ငံဖြစ်အောင် စွမ်းဆောင်ခဲ့ပါတယ်လို့ အိမ်ဖြူတော်က သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။

Source:NPR