#WorldHealth
 
 
++++++++++++++++++++++++++++++++++++++
Published 11 October 2021
စင်္ကာပူဟာ ကိုဗစ်ပိုးစစ်ဆေးမှုနှင့် ကွာရန်တင်းလိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြောင်းလဲခဲ့ပါတယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်းက စနေနေ့တုန်းကပြောပါတယ်။
စင်္ကာပူက ကိုဗစ်-၁၉နှင့်အတူယှဉ်တွဲနေထိုင်ဖို့ နည်းလမ်း(၇)သွယ်နှင့် ရှေ့ဆက်သွားတော့မှာဖြစ်ပါတယ်။
အဲဒီနည်းလမ်း(၇)သွယ်ကိုဖော်ပြပေးအပ်ပါတယ်။
 
✅၁။ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ ဆိုင်မှာ ထိုင်မစားရ
 
ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို ဟော့ကာစင်တာတွေ၊ကဖေးဆိုင်တွေမှာ ထိုင်ပြီးစားသောက်တာတွေ ဒါမှမဟုတ် ဈေးဝယ်စင်တာနှင့် သီးခြားဆိုင်ခန်းကြီးတွေလို နေရာမျိုးတွေ သွားရောက်တာတွေကို အောက်တိုဘာ ၁၃ရက်ကစပြီး ခွင့်မပြုတော့ပါဘူး။
 
ကာကွယ်ဆေးထိုးထားပြီးသူတွေ နှစ်ယောက်ပါအုပ်စုတွေ၊ ကလေးအသက်၁၂နှစ်နှင့်အောက်တွေ၊ ကိုဗစ်ဖြစ်ပြီးလို့ ပြန်ကောင်းသွားသူတွေကိုခွင့်ပြုမှာဖြစ်ပါတယ်။ ဆေးစစ်ထားလို့ နဂ္ဂတစ်အဖြေထွက်ထားသူတွေလည်း နှစ်ယောက်အုပ်စုမှာ ခွင့်ပြုမယ်လို့ဆိုပါတယ်။
 
အဖျော်ယမကာဆိုင်တွေမှာတော့ ဒီစည်းမျည်းက ကျင့်သုံးနေခဲ့ပြီးပါပြီ။
သူတို့ကာကွယ်ဆေးထိုးထားတာ တကယ်ဟုတ်မဟုတ်ကို သက်ဆိုင်ရာအရာရှိတွေက ကျပမ်းစစ်ဆေးတာမျိုးတွေလုပ်မှာ ဖြစ်ပါတယ်။ပထမအကြိမ်ဆိုရင် သတိပေး နောက်ထပ်လုပ်ရင် အရေးယူမယ်လို့သိရပါတယ်။
 
✅၂။ အနီးကပ်ထိတွေ့ခဲ့သူများ ကွာရန်တင်းမလို
 
ကိုဗစ်ရှိသူတွေနှင့်အနီးကပ်ထိတွေ့ခဲ့သူတွေ ကွာရန်တင်းဝင်စရာမလိုတော့ပါ။ဒါပေမယ့် ကူးစက်ဖို့ အန္တရာယ်မြင့်မားတယ် ဆိုတဲ့ သတိပေးမှုတွေတော့ ရရှိပါလိမ့်မယ်။ အဲဒီသတိပေးချက်ရတဲ့နေ့မှာ အဲဒီသူဟာ ကိုယ့်အစီအစဉ်နှင့်ကိုယ် ထီးတည်းနေ ရပါမယ်။ပြီးတော့ ကိုယ့်ဖာသာကိုယ် အေအာရ်တီစစ်ရပါမယ်။
အဖြေ နဂ္ဂတစ်ထွက်ရင် ပုံမှန်အလုပ်တွေဆက်လုပ်နိုင်ပြီး (၇)ရက်ဆက်တိုက် ဆက်စစ်နေရပါမယ်။ ဆက်တိုက်(၇)ရက် နဂ္ဂတစ်ထွက်ရင် ထီးတည်းနေရာကနေ ထွက်လို့ရပါပြီ။
 
အကယ်လို့ ပေါ့စတစ်ထွက်ပြီး နေကောင်းနေရင် အိမ်မှာပဲ နောက်ထပ် ၇၂နာရီ ထီးတည်းနေရပါမယ်။ အဲဒီနောက် အေအာရ် တီထပ်စစ်ရပါမယ်။ နဂ္ဂတစ်ထွက်တဲ့အထိ ဆက်ပြီးပိုးစစ်နေရမှာဖြစ်ပြီး နဂ္ဂတစ်ထွက်တာနှင့် ထီးတည်းနေရာကနေ ထွက်လို့ ရပါလိမ့်မယ်။
 
ပေါ့စတစ်ဖြစ်ပြီး နေထိုင်မကောင်းမှသာ ဆရာဝန်ကိုပြသရပါမယ်။
 
✅၃။ပီစီအာရ်စစ်ဆေးမှုကို နေမကောင်းသူများသာ စစ်ပေးမည်
နေထိုင်မကောင်းဖြစ်သူတွေနှင့် ရောဂါလက္ခဏာပြနေသူတွေကိုသာ
ပီစီအာရ်စက်နှင့် ပိုးစစ်ပေးပါမယ်။
ဖျားတာ၊ချောင်းဆိုတာ၊ပင်ပန်းနွမ်းနယ်တာ၊အရသာနှင့် အနံ့ပျောက်တာ၊လည်ချောင်းနာတာ၊နှာစေးတာ၊ကိုယ်ကိုက်ခဲတာ၊
ဝမ်းလျှောတာနှင့် မအီမသာဖြစ်တာ ဒါမှမဟုတ် အော့အန်တာတွေဟာ အပျော့စားလက္ခဏာတွေထဲပါဝင်ပါတယ်။
 
ပြင်းထန်တဲ့ရောဂါလက္ခဏာတွေဟာ အသက်ရှုကြပ်တာ၊ရင်ဘတ်အောင်တာ၊
စကားပြောမရ လှုပ်ရှားမရဖြစ်တာမျိုးတွေ ပါဝင်ပါတယ်။
 
အေအာရ်တီကိုတော့ နေကောင်းနေသူတွေ ဥပမာ လူထုအတွင်းစစ်ဆေးပေးတာတွေ၊အနီးကပ်ထိတွေ့သူတွေကို စစ်ဆေးပေးပါမယ်။ သူတို့ကူးစက်ခံရရင်စောသိအောင်နှင့် ထီးတည်းနေနိုင်အောင်ဖြစ်ပါတယ်။
 
✅၄။ လူတွေကို ပိုပြီး အိမ်မှာပဲသက်သာအောင်နေခိုင်းမယ်
အသက်၁၂နှစ်နှင့် ၄၉နှစ်အကြား ကာကွယ်ဆေးမထိုးရသေးသူတွေ၊ အသက်(၅)နှစ်နှင့် (၁၁)နှစ်အကြား ကလေးငယ်တွေကို အိမ်မှာပဲသက်သာအောင်နေခိုင်းမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ပြင်းထန်ရောဂါဖြစ်နိုင်ချေ နည်းပါးကြလို့ ဖြစ်ပါတယ်။
 
အသက်၇၀နှင့် ၇၉အကြား ကာကွယ်ဆေးထိုးထားသူတွေလည်း
အိမ်မှာပဲသက်သာအောင်နေစေရပါမယ်။ ဆေးခန်းစောင့်ကြည့်မှုတွေတော့ ဆက်လုပ်ရပါမယ်။
အဲဒါကြောင့် အောက်ဖော်ပြပါအုပ်စုတွေကလွဲပြီး ကျန်သူတွေ အိမ်မှာပဲနေကောင်းအောင်နေကြရမှာဖြစ်ပါတယ်။
 
- အသက်၅၀နှစ်အောက် ကာကွယ်ဆေးတစ်ဝက်တစ်ပျက်ထိုးထားသူ၊လုံးဝမထိုးထားသူ
- အသက်၈၀နှစ်နှင့်အထက် ကာကွယ်ဆေးထိုးထားသူ
- အသက်တစ်နှစ်အောက် ကလေးသူငယ်များ၊အသက်တစ်နှစ်နှင့်လေးနှစ်အကြား တွားသွားအရွယ်များ၊
ထီးတည်းနေရတဲ့ကာလဟာ ကာကွယ်ဆေးထိုးထားသူတွေနှင့် အသက်၁၂နှစ်အောက် ကလေးတွေအတွက် ၁၀ရက်နှင့် အသက်၁၂နှစ်အထက် ကာကွယ်ဆေးမထိုးထားသူတွေအတွက် ၁၄ရက်ဖြစ်ပါတယ်။
 
✅၅။ငယ်ရွယ်တဲ့ကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးတာတွေတိုးတက်လုပ်မယ်
 
လာမယ့်နှစ်ဆန်းပိုင်းမှာ အသက်၁၂နှစ်အောက် ကလေးတွေ ကာကွယ်ဆေးထိုးဖို့ဆောင်ရွက်မယ်လို့ ဝန်ကြီးချုပ် မစ္စတာလီက နိုင်ငံကိုမိန့်ခွန်းပြောကြားရာမှာ ထည့်ပြောခဲ့ပါတယ်။
 
အမေရိကန်မှာ ကလေးတွေနှင့် ကာကွယ်ဆေးစမ်းသပ်ထိုးနေတာကို ကျွန်တော်တို့ အနီးကပ်လိုက်ကြည့်နေတယ်။ သူတို့ အတွက်အတည်ပြုပြီဆိုတာနှင့် ထိုးနိုင်အောင် ကျွန်တော်တို့လုပ်နေတယ်။ ကျွန်တော်တို့ရဲ့ပညာရှင်တွေက အန္ရရာယ်ကင်းရှင်းတယ်ဆိုတာကို ကျေနပ်မှုရှိနေကြတယ်” လို့ သူကဆက်ပြောပါတယ်။
 
✅၆။ အားမြှင့်ကာကွယ်ဆေးကို ပိုထိုးပေးမယ်
လွန်ခဲ့တဲ့ ခြောက်လက ကာကွယ်ဆေးအပြည့်ထိုးထားပြီးသား ကျန်းမာရေးလုပ်သားတွေ၊ကိုဗစ်-၁၉ ရှေ့တန်းလုပ့်သားတွေကို အားမြှင့်ကာကွယ်ဆေးထိုးပေးမယ့် နောက်အုပ်စုတွေထဲ ထည့်သွင်းထားပါတယ်။
အစပိုင်းမှာတော့ အားမြှင့်ကာကွယ်ဆေးကို အသ်က၅၀နှစ်နှင့်အထက်ကိုပဲ ထိုးပေးခဲ့တာပါ။
 
✅၇။ “ပုံမှန်အသစ်”အတွက် သုံးလမှ ခြောက်လ
ပုံမှန်အသစ် New Normal ကိုရောက်ဖို့ စင်္ကာပူက အချိန်သုံးလမှ ခြောက်လအထိ အချိန်ယူပါမယ်။ အဲဒီအတွင်း ကန့်သတ်ချက်တွေဖြေလျော့ပေးတာနှင့် အပေါ့စား ဘေးကင်းလုံခြုံရေးအစီအမံတွေ ဆောင်ရွက်တာတွေလုပ်ဆောင်မယ်လို့ မစ္စတာလီက ပြောပါတယ်။
 
ကူးစက်မှုတွေတည်ငြိမ်သွားပြီး ထပ်မတက်တော့ဘူးဆိုရင် လူတွေဟာ Pandemic အကြိုလှုပ်ရှားမှုတွေ လုပ်ဆောင်လို့ ရလာမယ်၊ လူအုပ်တွေကို စိတ်ပူစရာ ထူးထူးဆန်းဆန်းဖြစ်စရာမလိုဘဲ တွေ့လာရမယ်လို့ သူကပြောပါတယ်။
 
ယခုအထိတော့ စင်္ကာပူမှဦ တစ်ရက်ကို လူ၃၀၀၀ကျော် ပိုးတွေ့နေပါတယ်။
စင်္ကာပူဟာ ပုံမှန်အသစ်ဆီ ဦးတည်ပြီး တည်တည်ငြိမ်ငြိမ်နှင့် တိုးတက်ရွေ့လျားနေပါတယ်လို့ သူကပြောပါတယ်။
 
Source CNA