Published-6 August 2021
ဘန်ကောက်/တိုကျို-
ဒယ်လ်တာမျိုးဗီဇကွဲ အရှေ့တောင်အာရှတစ်လွှားကူးစက်မှုတွေမြင့်မားနေတာကြောင့် ဒေသရဲ့ စီးပွားရေးလုပ်ငန်းတွေ အကျပ်ရိုက်စေပြီး ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွေလည်း ပြတ်တောက်ခဲ့ရတယ်လို့ နစ်ကေးအေးရှား သတင်းဌာနက ရေးသားလိုက်ပါတယ်။
 
ထိုင်းနိုင်ငံမှာရှိတဲ့ တိုရိုတာစက်ရုံသုံးရုံစလုံး ဇူလိုင်၂၀ရက်ကစပြီး အလုပ်တွေရပ်လိုက်ကြရပါတယ်။ ပစ္စည်းပေးသွင်းသူတွေမှာ ကိုဗစ်-၁၉ကူးစက်မှုတွေဖြစ်လို့ ကားပစ္စည်းအစိတ်အပိုင်းတွေမရဖြစ်ပြီး စက်ရုံတွေပိတ်လိုက်ရတာပါ။ စက်ရုံတွေ ဘယ်တော့ပြန်ဖွင့်မလဲဆိုတာကလည်း မသေချာသေးဖြစ်နေပါတယ်။
“ ကိုဗစ်-၁၉ကပ်ဘေးဟာ ထိုင်းရဲ့ ကားထုတ်လုပ်ငန်းကို သိသိသာသာရိုက်ခတ်နေပါတယ်။
 
အထူးသဖြင့်မကြာသေးခင်က ကူးစက်မှုတွေမြင့်တက်လာတာကြောင့်ပါ။ကြိုတင်မှန်းထားတာထက် အများကြီးဆိုးနေပါတယ်” လို့ တိုရိုတာမော်တော်ကား ထိုင်းလုပ်ငန်းခွဲ ဥက္ကဋ္ဌ နောရီအာကီ ယာမာရှီတာ က ပြောပါတယ်။
 
ကူးစက်မှုမြင့်မားလာနေတာဟာ ထိုင်းနှင့် အခြားအရှေ့တောင်အာရှနိုင်ငံတွေအတွက် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်နေရတာပါ။ အသွားအလာတွေကန့်သတ်တာ ချက်ခြင်းလုပ်ကြရပြီး ဒေသတွင်းက ဘန်ကောက်နှင့် အခြားမြို့ကြီးတွေမှာ လော့ခ်ဒေါင်း ကို ဇူလိုင်ကနေ ဩဂုတ်လကုန်အထိ တိုးချဲ့ချထားနေကြရပါတယ်။
စက်ရုံတွေကိုတော့ ဘန်ကောက်မှာဖွင့်ခွင့်ပေးထားပေမယ့် စက်ရုံတွေမှာ ကူးစက်မှုတွေ့ရင် ယာယီပိတ်ကြရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေကိုကြည့်ပြီး ဟွန်ဒါကားကုမ္ပဏီက ကြာသပတေးနေ့အထိ စက်ရုံတစ်ရုံမှာ သုံးရပ်ပိတ်ထားပါတယ်။
 
မလေးရှားနိုင်ငံမှာလည်း မြို့တော်ကွာလာလမ်ပူနှင့် အခြားဒေသတွေမှာ စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုတွေ ကန့်သတ်ထားနေရတုန်းပါပဲ။ လုပ်ငန်းလုပ်ဆောင်လည်ပတ်နိုင်တဲ့ စက်ရုံတွေနှင့် ဆိုက်တွေထဲမှာ အလုပ်လုပ်နိုင်တဲ့ အလုပ်သမားဦးရေဟာ အကန့်အသတ်တွေနှင့်ရှိနေပါတယ်။
 
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားနှင့် ဘာလီကျွန်းတွေမှာ အသွားအလာကန့်သတ်မှုတွေကို တနင်္လာနေ့အထိ တိုးထားပါတယ်။ တစ်နိုင်ငံလုံးကူးစက်မှုတွေကြောင့် ဆေးရုံတွေ မနိုင်မနင်းဖြစ်နေပါတယ်။ နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်တွေနှင့် မိသားစုတွေကလည်း ကိုယ့်နိုင်ငံကိုယ်ပြန်ကုန်ကြပါပြီ။
အင်ဒိုနီးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဒါမှမဟုတ် သွားရေက်နေတဲ့ ဂျပန်နိုင်ငံသားတွေကို အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ တိုရှီဘာကုမ္ပဏီက အမိန့်ထုတ်ထားပါတယ်။ သူတို့ ဂျပန်ကိုပြန်လာချင်ရင်လည်း ပြန်လာကြဖို့ ကုမ္ပဏီကခွင့်ပြုထားပါတယ်။
 
ဗီယက်နမ်နိုင်ငံမှာ ဟနွိုင်းနှင့် ဟိုချီမင်းတို့မှာ အိမ်မှာနေကြဖို့ အမိန့်ထုတ်ထားပါတယ်။ အဲဒါကြောင့် ထောက်ပို့လုပ်ငန်းတွေ ပြတ်တောက်နေပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ သောကြာနေ့ကစပြီး မနီလာမြို့ပြဒေသမှာ လော့ခ်ဒေါင်းချလိုက်ပါတယ်။ နိုင်ငံမှာ အဆင့်လေးဆင့် သတိပေးစနစ်မှာ အကန့်သတ်ဆုံးအဆင့်ဖြစ်ပါတယ်။
မြို့တော်တစ်လျောက်အသွားအလာကန့်သတ်မှုတွေကို ဥပဒေနှင့် လုပ်ဆောင်နေပါတယ်။
 
ပန်နာဆိုးနစ်ဟာ အရှေ့တောင်အာရှမှာ အီလက်ထရွန်းနစ်အစိတ်အပိုင်းတွေနှင့် အိမ်သုံးပစ္စည်းတွေ ထုတ်လုပ်နေတာပါ။ ပြီးခဲ့တဲ့အပတ်ကအခြေအနေအရ အင်ဒိုနီးရှားမှာရှိတဲ့ သူ့ရဲ့စက်ရုံမှာ အလုပ်သမားတစ်ဝက်လောက်‌ လျှော့ထားရပြီး မလေးရှားကစက်ရုံတွေမှာ ဝန်ထမ်းတွေက ၆၀ရာခိုင်နှုန်းအောက်ပဲ အလုပ်လုပ်နိုင်ကြပါတယ်။
အဓိကကျတဲ့နေရာတွေမှာ စက်ရုံတွေလည်ပတ်နေပေမယ့် စက်ရုံတော်တော်များများကို ရပ်ထားရတယ်လို့ ပန်နာဆိုးနစ်က ပြောပါတယ်။
 
ထိုင်းနိုင်ငံ အယုဒ္ဓရ ပြည်နယ်မှာရှိတဲ့ နစ်ကွန်စက်ရုံဟာ ဒစ်ဂျစ်တယ်ကင်မရာတွေနှင့် ပြောင်းလဲတပ်လို့ရတဲ့ မှန်ဘီလူတွေ ထုတ်လုပ်နေပါတယ်။ ကူးစက်မှဒတွေကြောင့် ခြောက်ရက်စက်ရုံရပ်ထားရပါတယ်။ ဝန်ထမ်းတွေကို ပီစီအာရ်စစ်နေပါတယ်။
 
အရှေ့တောင်အာရှကထုတ်လုပ်တဲ့ ပစ္စည်းတွေဟာ နိုင်ငံခြားတိုင်းပြည်တွေကိုပါ တင်ပို့နေရတဲ့အတွက် ယခုလို ပြတ်တောက်နေမှုတွေက ဂျပန်ကိုထိခိုက်နေစေပါတယ်။ ဂျပန်ကုမ္ပဏီတွေက သူ့ရဲ့လုပ်ငန်းတွေကို ယခုနှစ်များစွာအတွင်း ဒီဒေသကို ပြောင်းရွှေ့ခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်တန်ဖိုးတွေအရ အာဆီယံနိုင်ငံတွေက ဂျပန်သွင်းကုန်တွေဟာ ၁၆ရာခိုင်နှုန်း ရှိနေခဲ့ပါတယ်။
 
ဗီယက်နမ်က ထောက်ပံ့ရေးကွင်းဆက် ရပ်တန့်သွားတဲ့အတွက် တိုယိုတာဟာ သူ့ရဲ့ ဂျပန်နိုင်ငံ အိုင်းချီစီရင်စုက စက်ရုံ သုံးရုံကို ခေတ္တပိတ်ထားဖို့ဆုံးဖြတ်ခဲ့ရပါတယ်။ အင်ဒိုနီးရှားနှင့်အခြားနေရာတွေက ပစ္စည်းပေးသွင်းတာတွေ နောက်ကျနေလို့ ဟွန်ဒါက မီ စီရင်စုက ဆူဇူကာစက်ရုံကို ရပ်ရတော့မယ်လို့ နစ်ကေးအေးရှားကရေးသားထားပါတယ်။
Source: Nikkei Asia