ဟန်ဂေရီအသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ကွင်းလယ်လူ ဒမ်ဘီလီဟာ ပြင်သစ်အသင်းကနေ နုတ်ထွက်သွားခဲ့ရပါတယ်။ ဒမ်ဘီလီဟာ ဟန်ဂေရီနဲပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲချိန်ဒုတိယပိုင်းမှာ သောမတ်စ်လီမာနဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီး ဒမ်ဘီလီရဲ့ ဒဏ်ရာအခြေအနေကို ဆေးရုံမှာ စမ်းသပ်စစ်ဆေးခဲ့ရာ ရက်သတ္တပတ် ၄ ပတ်ခန့်အနားယူရမှာဖြစ်လို့ ပြင်သစ် အသင်းကနေ နုတ်ထွက်သွားခဲ့ရတာပါ။