ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့လစာပေးချေမှုပမာဏကို သိသိသာသာလျှော့ချနိုင်မှသာလျှင် မက်ဆီကို စာချုပ်သစ်ထပ်မံချုပ်ဆိုနိုင်မှာဖြစ်တယ်လို့ လာလီဂါပြိုင်ပွဲဥက္ကဌ တီဘက်စ်က သတိပေး ပြောဆိုလိုက်ပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာအသင်းရဲ့ လက်ရှိစာချုပ်ဟာ ရှေ့လာမယ့် တစ်ပတ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် အခုချိန်ထိ သဘောတူညီမှုမရသေးပါဘူး။