ခရိုအေးရှားအသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူပြီး အောင်ပွဲခံတဲ့ပုံစံဟာ သူ့အကြိုက်ဆုံး MMA ကစားသမားပုံစံ အတုယူ လိုက်တာဖြစ်တယ်လို့ ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်ချ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပက်ထရစ်ရှစ်ချ်ဟာ  ပွဲချိန် ၃၇ မိနစ်မှာ ခရိုအေးရှားနောက်ခံလူ လိုဗရန်ရဲ့ တံတောင်နဲ့တိုက်ခိုက်မှုကြောင့်ရရှိတဲ့ ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါ တယ်။ ဂိုးသွင်းယူပြီးတဲ့နောက်မှာ ပက်ထရစ်ရှစ်ချ်က အလံတိုင်ထောင့်က TV ကင်မရာရှေ့ကို သွားပြီး သူ့ရဲ့လက်မောင်းကြွက်သားတွေကို ညှစ်ထုတ်ပြခဲ့တာပါ။ အဲဒီလို အောင်ပွဲခံတဲ့ပုံစံဟာ ထိုးသတ်တဲ့ပွဲတိုင်း မျက်နာမှာ သွေးတွေရဲရဲတောက်နေတတ်တဲ့ အမေရိကန်ကိုယ်ခံပညာပေါင်းစုံ MMA ဖိုက်တာ နာတီဒိုင်ယက်ဇ် ပုံစံ လုပ်ပြခဲ့တာဖြစ်တယ်လို့ ပက်ထရစ်ရှစ်ချ်က ဆိုပါတယ်။ ပက်ထရစ်ရှစ်ချ် ဟာ စကော့တလန်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာလည်း အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် စုစုပေါင်း ၃ ဂိုးသွင်းယူထားပြီး ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုအတွက် ရေပန်းစားနေပါတယ်။ဒါပေမယ့် သူကတော့ တစ်ဦးချင်းအောင်မြင်မှုကို ဂရုမစိုက်ဘဲ  ၁၆ သင်းအဆင့်ကို ချက်အသင်းတက်ရောက်နိုင်ရေးကိုသာ အာရုံစိုက်သွားမှာ ဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။