လာမယ့်ရာသီသစ်မှာ မန်ယူအသင်းအနေနဲ့ အကောင်းဆုံးစတင်နိုင်ဖို့ လိုအပ်တယ်လို့ နည်းပြ ဆိုးလ်ရှားက ကစားသမားတွေကို သတိပေးပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရာသီအဖွင့် ၆ ပွဲမှာ ၃ ပွဲအရေးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီသစ်မှာတော့ အကောင်းဆုံးပုံစံ စတင်နိုင်ဖို့ သတိပေးပြောဆိုခဲ့တာပဲဖြစ်ပါတယ်။