အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ဒုတိယမြောက် ကစားသမားသစ်ခေါ်ယူမှုအဖြစ် အန်ဒါလက်ချ်အသင်းက လူငယ်ကွင်းလယ်ကစားသမား ဆမ်ဘီလိုကွန်ဂါကို ခေါ်ယူလိုက်ပါတယ်။ ဘယ်ဂျီယံယူ ၂၁ ကစားသမားတစ်ဦဖြစ်တဲ့ ဆမ်ဘီလိုကွန်ဂါဟာ အန်ဒါလက်ချ်အသင်းမှာ ၇၈ ပွဲကစားထားပြီး ၃ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။ အာဆင်နယ်အသင်းက သူ့ကို ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်တယ်လို့ ဘယ်ဂျီယံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။