Published 3 June 2022

ရိုင်ဖယ်တစ်လက်နှင့် ပစ္စတိုကိုင်ဆိုင်ထားတဲ့ စိတ်ဖောက်ပြန်နေတဲ့ သေနတ်သမားက အိုကလာဟိုးမား ဆေးရုံ အဆောက်အအုံထဲကို ဝင်ပြီး  သူ့ကို ခွဲစိတ်ပေးခဲ့တဲ့ဆရာဝန်ကို ပစ်မှတ်ထား ပစ်သတ်ခဲ့ကာ ကျန်သေဆုံးသူတွေကတော့ သူသွားရာလမ်းမှာ မြင်တဲ့သူကိုသတ်ပစ်ခဲ့တာဖြစ်တယ်လို့ ကြာသပတေးနေ့က  အဏာပိုင်တွေကပြောပါတယ်။

မိုက်ကယ်လူးဝစ်လို့ သိရတဲ့ အဲဒီသေနတ်သမားဟာ တူလ်ဆာရှိ နာတာလီဆေးရုံရဲ့ ဒုတိယထပ်မှာရှိတဲ့ စိန့်ဖရန်စစ် ကျန်းမရေးစနစ်ရဲ့ အရိုးကုသဌာနမှာ ဗုဒ္ဓဟူးနေ့ ညနေ(၅)နာရီခန့်မှာ သေနတ်နှင့်ပစ်ခဲ့တာဖြစ်ပါတယ်လို့ ရဲချုပ် ဝင်ဒဲလ်ဖရန်ကလင်းက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

အသက်(၄၅)နှစ်အရွယ်ရှိ လူးဝစ်ဟာ မတ်စ်ကိုဂီးမြို့ကဖြစ်ပြီး နောက်ကျောနာတဲ့ဝေဒနာကိုကုသဖို့ မေ ၁၉ရက်က ဆေးရုံတက်ခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာ ပရက်စတွန် ဖိလစ်က လူးဝစ်ကို ခွဲစိတ်ကုသပေးပြီးနောက် မေ ၂၄ရက်မှာ သူဟာ  ဆေးရုံကဆင်းခဲ့ပါတယ် လို့ ရဲချုပ် ဖရန့်ကလင်းကပြောပါတယ်။

လူးဝစ်ဟာ သူ့နာကျင်တာမပျောက်လို့ ဆေးရုံကို ကြိမ်ဖန်များစွာ ဖုန်းဆက်သွယ်ခဲ့ပြီး နောက်ထပ်ကုသမှုခံယူဖို့ ကြိုးစားခဲ့ ပါတယ်။ အဲဒီနောက်သူဟာ ဒေါက်တာဖိလစ်ကို အင်္ဂါနေ့မှာ ထပ်တွေပြီး ဗုဒ္ဓဟူးနေ့မှာ ထပ်ပြီး အကူအညီလိုချင်လို့ သူ့ရုံးကို ထပ်ဖုန်းဆက်ခဲ့တယ်လို့ ဖရန့်ကလင်းက ဆက်ပြောပါတယ်။

လူးဝစ်က ဘယ်လိုအကူအညီတောင်းတာလဲဆိုတာတော့ မရှင်းလင်းပါဘူး။

သေနတ်နှင့်မပစ်ခင် တစ်နာရီခန့်မှာ လူးဝစ်ဟာ ဆီမီး အော်တိုမက်တစ် AR-15 ရိုင်ဖယ်တစ်လက်ကို အရပ်ထဲက သေနတ်ဆိုင် တစ်ဆိုင်ကနေဝယ်ခဲ့ပြီး  ဆီမီးအော်တိုမက်တစ် ပစ္စတိုကိုတော့ မေ၂၉ရက်က အရပ်အပေါင်ဆိုင်တစ်ဆိုင်ကနေ ဝယ်ခဲ့ကြောင်းလည်း ရဲချုပ်ကပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ကျည်ဆံအခွံဒါဇင်များစွာနှင့်  လူးဝစ်လက်ရေးနှင့် စာတစ်စောင်ကိုပါ ရဲတွေက ရှာတွေ့ပါတယ်။  ခွဲစိတ်ကုသပြီးနောက် သူဆက်ပြီး နေထိုင်မကောင်းဖြစ်ရတဲ့အတွက် သူဟာ ဖိလစ်နှင့်  သူ့သွားရာလမ်းကမည်သူမဆိုသတ်ဖို့ရည်ရွယ်ခဲ့တာ ထင်ရှားတယ်လို့ ဖရန့်ကလင်းကပြောပါတယ်။

သူက သူဆက်ပြီး နာကျင်တဲ့ဝေဒနာခံစား နေရတဲ့အတွက် သူက ဒေါက်တာဖိလစ်ကို အပြစ်တင်ခဲ့တယ်လို့ ဖရန့်ကလင်းက ဆက်ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဒေါက်တာဖိလစ်အပြင် ဒေါက်တာ စတိဖင်ဂျေဟူစိန်၊ ဧည့်ကြို အာမန်ဒါဂလင်းနှင့် ဆေးခန်းထဲက လူနာ ဝီလျံ လပ်ဗ်တို့ဖြစ်ကြပါတယ်။

သူတို့က သူသွားတဲ့လမ်းပေါ်ရှိနေလို့ လူးဝစ်ကပစ်သွာတာဖြစ်တယ်လို့ တူလ်ဆာက ထိပ်တန်းရဲတစ်ဦးက ပြောပါတယ်။

အဲသလိုပစ်သတ်ပြီးနောက် လူးဝစ်ဟာ သူ့ကိုယ်သူ သေနတ်နှင့်ပစ်သတ် အဆုံးစီရင်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

လူးဝစ်ရဲ့ အိမ်နီးချင်းဖြစ်သူတစ်ဦးက သူတို့နှင့် အိမ်နီးချင်းဖြစ်တာ ငါးနှစ်ခန့်ရှိပြီး လူးဝစ်ရဲ့ ဇနီးဟာ ဒေါက်တာ အီဒစ် လူဘင်ဖြစ်ကြောင်း၊သမီးတစ်ယောက်ရှိပြီး အမေနှင့်သမီးဟာ ဘုရားရှိခိုးကျေင်းတက်တဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်မသူတို့နှင့်စကားမပြောဖူးဘူး။ဒါပေမယ့် သူတို့ဟာ ခပ်အေးအေးနေကြတဲ့ အိမ်နီးချင်းကောင်းတွေပါ” လို့ သူမက ဆက်ပြောပါတယ်။

Source NY Post

အောက်ပုံများ အသတ်ခံရသူများဖြစ်သည့် ဆရာဝန်နှစ်ဦး၊လူနာတစ်ဦးနှင့်ဧည့်ကြိုအမျိုးသမီး