#WorldPolitics
Published 3 June 2022

 

အမေရိကန်နိုင်ငံခြားရေးဌာနက ထိုင်ဝမ်ကျွန်းနိုင်ငံနဲ့ ပတ်သက်တဲ့အကြောင်းအရာကို မွမ်းမံပြင်ဆင်လိုက်ကာ ထိုင်ဝမ်ရဲ့တရားဝင်လွတ်လပ်ခွင့်အား ထောက်ခံခြင်းမရှိကြောင်း တရားဝင်ပြန်လည်ပြင်ဆင်ထုတ်ပြန်လိုက်ပါတယ်။

 

ပြီးခဲ့တဲ့လတုန်းက အမေရိကန်နိုင်ငံခြားရေးဌာနက ထိုင်ဝမ်နဲ့ပတ်သက်ပြီး ဝက်ဘ်ဆိုက်ပေါ်မှာ သူတို့ရဲ့အသုံးအနှုန်းကို ပြင်ဆင်ခဲ့ကာ ထိုင်ဝမ်ရဲ့လွတ်လပ်ခွင့်အားမထောက်ခံကြောင်းနဲ့ ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့တစ်စိတ်တစ်ဒေသအဖြစ် အသိအမှတ်ပြုကြောင်းတို့ကို အမေရိကန်တို့က ပြုပြင်ဖယ်ရှားခဲ့တာကြောင့် တရုတ်တို့အမြတ်ထွက်စရာ ဖြစ်ခဲ့ပါတယ်။

 

ဒီပြင်ဆင်ချက်ကြောင့် နိုင်ငံရေးမူဝါဒ ပေါ်လစီပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဝါရှင်တန်ကပြောပါတယ်။

 

အခုအချိန်မှာတော့ ဒီအသုံးအနှုန်းကို ထပ်မံပြောင်းလဲလိုက်ပြီး ထိုင်ဝမ်ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုမထောက်ခံကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။

 

ဒီပြင်ဆင်ချက်ကို ထိုင်ဝမ်တရားဝင် ဗဟိုသတင်းဌာနက သောကြာနေ့မှာ အရင်ဆုံးဖော်ပြခဲ့ပြီး တရားဝင်ထုတ်ပြန်ချက်ရက်စွဲကတော့ မေလ ၂၈ ရက်နေ့လိုယူဆရပါတယ်။

 

နိုင်ငံခြားရေးဌာနကတော့ ချက်ချင်းဖြေရှင်းပြောကြားခြင်းမရှိသေးပါဘူး။

 

အမေရိကန်ဘက်က ထိုင်ဝမ်ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မထောက်ခံကြောင်း၊ ဒီကိစ္စကိုတစ်ဦးချင်းရော အများသိအောင်ပါ ထပ်ခါထပ်ခါရှင်းလင်းချပြပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'နက်ဒ်ပရိုက်စ်'က မေလကပြောကြားခဲ့ပါတယ်။

 

ထိုင်ဝမ်ကျွန်းနိုင်ငံဟာ လက်တွေ့မှာ လွတ်လပ်ခွင့်ရနိုင်ငံဖြစ်နေပေမယ့် နိုင်ငံတကာအသိအမှတ်ပြုမှု အနည်းငယ်သာရှိနေပါတယ်။

 

ဝါရှင်တန်က ထိုင်ပေနဲ့တရားဝင်ဆက်ဆံရေးမရှိပေမယ့် နိုင်ငံတကာငွေကြေးလက်နက်ထောက်ပံ့မှုတွေမှာ အရေးပါဆုံးနိုင်ငံဖြစ်နေပါတယ်။

 

မြို့တော်ပေကျင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတည်ထောင်ခဲ့တဲ့ ကွန်မြူနစ်ပါတီက ပြည်တွင်းစစ်ရှုံးနိမ့်ပြီးနောက် ၁၉၄၉ ခုနှစ်မှာ အဆိုပါ ကျွန်းသို့ထွက်ပြေးလာခဲ့တာကြောင့် ထိုင်ဝမ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအမည်နဲ့ပဲ ဆက်ရှိနေရပါတယ်။

 

ထိုင်ဝမ်အနေနဲ့ ခွဲထွက်မည်ဟုဆုံးဖြတ်ပါက ပေကျင်းကနေ စစ်ရေးအရအရေးယူရန် ဥပဒေကို တရုတ်အစိုးရက ၂၀၀၅ ခုနှစ်မှာထုတ်ပြန်ခဲ့ပါတယ်။

 

ထိုင်ဝမ်အစိုးရကတော့ ကျွန်းပေါ်က လူဦးရေ ၂၃ သန်းကသာ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်ခွင့်ရှိကြောင်း၊ ငြိမ်းချမ်းရေးလိုလားပေမယ့် တိုက်ခိုက်ခံလာရရင် ကိုယ်တိုင်ကာကွယ်သွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

 

Source: Reuters
#Yangon_Media_Group