Published 3 June 2022

သေနတ်သမားတစ်ဦးဟာ ကြာသပတေးနေ့ အမေရိကန်ပြည်ထောင်စု ဝစ်ကွန်ဆင်ပြည်နယ် အသုဘအခမ်းအနားတစ်ခုမှာ သေနတ်နှင့်ပစ်လို့ လူတော်တော်များများ ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့နှင့် ဒေသမီဒီယာတွေကပြောပါတယ်။

“မွန်းလွဲ ၂နာရီ ၂၆မိနစ်မှာ ဂရေ့စ်လန်းသင်္ချိုင်းမှာ သေနတ်ပစ်ခတ်မှုတွေအများကြီးဖြစ်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရသူတွေပေမယ့် ဘယ်နှဦးလဲမသိသေးဘူး။အခင်းဖြစ်ပွားတဲ့နေရာမှာ လှုပ်လှုပ်ရှားရှားနှင့် စစ်ဆေးမှုတွေပြလုပ်နေတုန်းပဲ” လို့ ရေဆင်း ရဲဌာနက တွစ်တာမှာရေးပါတယ်။

အသုဘအခမ်းအနားမှာ လူ(၅)ဦးဒဏ်ရာရခဲ့ပြီး အသုဘဟာ မတ်လက ရဲပစ်သတ်လို့ သေသွားတဲ့ ဒါရွန်တေးအယ်ကင်းစီနီယာအတွက် ပြုလုပ်တဲ့ အခမ်းအနားဖြစ်တယ်လို့ ဒေသတွင်းမီဒီယာကရေးပါတယ်။

ပြီးခဲ့တဲ့လက လက်နက်အကြမ်းဖက်မှုတွေကပ်ဆိုးသင့်နေတဲ့ အမေရိကန်မှာ ယူကျုံးမရဖြစ်ကြရတဲ့ သေနတ်ပစ်မှုနှစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ခုက လူ ၂၁ ဦးသေဆုံးခဲ့ရတဲ့ တက္ကဆပ်မူလတန်းကျောင်းပစ်ခတ်မှုဖြစ်ပြီး နောက်တစ်ခုက နယူးယောက်ပြည်နယ်က လူ ၁၀ ဦးသေဆုံးခဲ့ရတဲ့  စူပါမားကက်ပစ်ခတ်မှုဖြစ်ပါတယ်။

Source AFP