#DailyNews
Published - 8 Mar 2022
၁။ မူဆယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကားများ ရှေ့တိုးမရ ၊ နောက်ဆုတ်ရန်လည်းခက်သည့်အခြေအနေဖြစ်နေ။
၂။ ရွှေဈေးအတက်အကျကိစ္စ ရုရှား - ယူကရိန်း စစ်ရေးအပေါ်မူတည်နေ ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကိုဗစ်ကပ်ရောဂါကာလအတွင်း အဓိကစီးပွားရေးအသက်သွေးကြောဖြစ်လာသည့် တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေးရထားလုပ်ငန်း.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
Published 8 March 2022
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက မော်စကိုသည် အပြစ်ရှာသက်သက်သာဖြစ်ပြီး သူသည် ကိဗ်တွင် သူရှိနေကြောင်း တယ်လီဂရမ်တွင် ဗွီဒီယိုရိုက်ကူးပြီး တင်ခဲ့ပါတယ်။ အချို့မီဒီယာများက ဇီလင်စကီး နယ်စပ်တစ်နေရာတွင် ပုန်းအောင်းနေသည် သို့မဟုတ် ပိုလန်သို့ ထွက်ပြေးသွားပြီဟု သတင်းများ မကြာခဏထွက်ပေါ်နေအပြီး ဇီလင်စကီးက ဗွီဒီယိုတင်ခဲ့ခြင်းဖြစ်ပါတယ်။
Source : AFP
- Category: World
- Category: Myanmar
#WorldBusiness
Published 07 March 2022
တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းထုတ်လုပ်သုံးစွဲမှု ပြန်လည်ဦးမော့လာဖို့ကိုသာ အားထားရတော့မှာဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
Published 7 March 2022
ယူကရိန်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရာရုံး ICJ မှာ ပဋိပက္ခကို ရပ်တန့်ဖို့ ချက်ခြင်းအမိန့်တစ်ရပ်ချမှတ်ပေးဖို့ တိုင်တန်းလျှောက်ထားမှုနှင့်ပတ်သက်လို့ ဒီကနေ့မှာ နယ်သာလန်နိုင်ငံ၊သည်ဟိဟ်မြို့မှာ ကြားနာမှုပြုလုပ်ရာ ရုရှားက ကြားနာပွဲကိုတက်ရောက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ တရားသူကြီးအဖွဲ့ သဘာပတိက ပြောပါတယ်။
နှုတ်ဖြင့်ကြားနာပွဲကို ရုရှားဖက်ဒရေးရှင်း တက်ရောက်မှုမရှိတဲ့အတွက် တရားရုံးက ဝမ်းနည်းမိပါတယ်လို့ ICJ ရဲ့ တရားသူကြီးအဖွဲ့ သဘာပတိ ဂျုန်းဒွန်နိုဟူးက ပြောပါတယ်။
နယ်သာလန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇင်းဒါးရှုဂင်းက “ သူ့အစိုးရအနေနှင့် ကြားနာပွဲ တက်ရောက်ပါဝင်ရန် ရည်ရွယ်ချက်မရှိကြောင်း တရားရုံးကို စာပို့ခဲ့တယ်လို့ သူမကပြောပါတယ်။
Source AFP
- Category: World
#LocalNews
Published - 7 Mar 2022
၂၀၂၂ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လအတွင်း တရားမဝင်ဝင်ရောက်မှုနဲ့ထိုင်းနိုင်ငံမှာ ဖမ်းဆီခံရတဲ့မြန်မာအလုပ်သမားတွေ ၁၀,၀၀၀ နီးပါးရှိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီကနေ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
#LocalNews
Published_7 March 2022
ကိုဗစ်ပိုးတွေ့တဲ့အတွက် ဖွင့်ပြီးသား တရုတ်-မြန်မာနယ်စပ်ဂိတ်တွေအားလုံးကို ဖေဖော်ဝါရီလနဲ့ မတ်လဆန်းပိုင်းတွေမှာ ပိတ်ခဲ့ပြီးတဲ့နောက် အခုလက်ရှိမှာ လွယ်ဂျယ်ဂိတ်တစ်ခုကိုပဲ ဖွင့်ခွင့်ပြန်ရထားပါပြီ။
#Yangon_Media_Group
- Category: Myanmar