Published 28 November 2022

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သော်လည်း သတ်မှတ်ထားတဲ့ ရည်မှန်းချက်ပြည့်မီမှုမရှိတဲ့ အတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့ နစက ဥက္ကဋ္ဌက မကွေးတိုင်းဒေသကြီးမှာရှိတဲ့ လုပ်ငန်းရှင်တွေကို မှာကြားခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက် ဒီကနေ့မနက်ပိုင်းက နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ မကွေးမြို့ မြို့တော်ခန်းမမှာ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွာရေးလုပ်ငန်းရှင်တွေနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။

ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊နှမ်း၊နေကြာစိုက်ပျိုးမှုများမှာ အထွက်နှုန်းတိုးတက်အောင် ကြိုးပမ်းကြဖို့ကိုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့ပါတယ်။

တွေ့ဆုံပွဲတက်ရောက်လာတဲ့ ဆီစက်လုပ်ငန်းရှင်တွေကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပြီး ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ဖို့ ဆောင်ရွက်နေတာတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့်လည်း နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဆီထွက်သီးနှံတွေထဲမှာ မြေပဲတစ်ခုတည်းသာ အထွက်နှုန်းကောင်းမွန်ခဲ့၍ ကျန်ဆီထွက်သီးနှံတွေဟာ ပန်းတိုင် အထွက်နှုန်းရည်မှန်းချက်မပြည့်မီခဲ့တာဖြစ်ပါတယ်။အဲဒီအပြင် ဆီအုန်းတွေကိုလည်း ပြည့်ဝစွားစိုက်ပျိုးမှုမရှိတဲ့ အတွက် ဆီထုတ်လုပ်မှုနည်းပါးနေကြောင်းလည်းသိရပါတယ်။

မကွေးတိုင်းဒေသကြီးဟာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မြေပဲ ၁၇၈၇၉၂ ဧက၊ နှမ်း ၁၄၅၈၈၈ ဧကနှင့်နေကြာ ၁၀၉၆၂ ဧကစိုက်ပျိုးခဲ့ပြီး စားသုံးဆီ ၁၅၉၇၀၃ မက်ထရစ်တန်ခန့်မှန်းထွက်ရှိခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကို ကိုးကား၍ စားသုံးသူရေးရာဦီးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးမှာ မြေပဲ၇၈၉၉၉၀ဧက၊၊ နှမ်း ၁၂၄၂၃၅၆ဧကနှင့် နေကြာ၄၆၆၃၈၀ ဧက စိုက်ပျိုးသွားဖို့လျာထားတယ်လို့လည်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။

ပြည်တွင်းစားသုံးဆီလုံလောက်မှုမရှိတဲ့အတွက်နှစ်စဉ် ပြည်ပမှ တန်ချိန်ကိုးသိန်းကျော်တင်သွင်းနေရတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ပြည်တွင်းမှာ စားသုံးဆီစက်တွေက တစ်လကို တန်ချိန်၁၈၀၀၀ကျော် ကြိတ်ခွဲထုတ်လုပ်နိုင်ပေမယ့် အချို့စက်တွေကိုရပ်နားထားရပြီး အချို့မှာ ကုန်ကြမ်း အခက်အခဲကြောင့်စက်စွမ်းရည်အပြည့်မလည်ပတ်နိုင်ဖြစ်ခဲ့ရတယ်လို့လည်းသိရပါတယ်။

နစကဥက္ကဋ္ဌဟာ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အကောင်းဆုံးချည်ထည်များထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်စေရေးကို လည်း တွေ့ဆုံပွဲမှာ ထည့်သွင်းဆွေးနွေးအကြံပြုခဲ့ပါတယ်။ အဲဒီအပြင် လက်ရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက် ရေး ဆောင်ရွက်ပေးနေတာတွေကိုလည်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက် ဗိုလ်ချူပ်မှူးကြီးဟာ  မကွေးတိုင်းဒေသကြီးရဲ့ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေက ခင်းကျင်းပြ သထားတဲ့ ဒေသထုတ်ကုန်ပြခန်းတွေကို စိတ်ဝင်တစားလေ့လာခဲ့ပြီး သိလိုတာတွေမေးမြန်းဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

-ymg/knl

#Myanmar_SG