#Local_News
Published_ 29 November 2022

 

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသည် ဖနောင်ပင်မြို့ရှိ စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားတက္ကသိုလ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုနှင့်အနုပညာပြပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုနှင့် အနုပညာ ဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယား နိုင်ငံ၊ Svay Rieng ပြည်နယ် လူငယ် အစည်းအရုံးကဦးဆောင်၍ ဆောင်ရွက်တာဖြစ်ပါ တယ်။

 

ASEAN Village Program ကို နိုဝင်ဘာ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် စတင်ကျင်းပခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်တွင် တရားဝင်ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mrs. Minh Kosiny နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်အများအပြားနှင့် လူငယ် ကျောင်းသား ကျောင်းသူ အမြောက်အမြား တက်ရောက်ခဲ့ကြပါတယ်။

 

ASEAN Village Program ၌ ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အာဆီယံသံရုံးများ သာမက အာဆီယံနိုင်ငံများမှ ရိုးရာအစားအသောက်နှင့် အသုံးအဆောင်များ၊ အစား အသောက်များရောင်းချတဲ့ ပုဂ္ဂလိကဆိုင်ခန်းများလည်း ပါဝင်ပြသခဲ့ပြီး၊ ညပိုင်းတွင် ကမ္ဘောဒီးယားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့က ဖျော်ဖြေတင်ဆက်မှုခဲ့ကြပါတယ်။
ဖနောင်ပင်မြို့၊ မြန်မာသံရုံးအနေဖြင့် နိုင်ငံအလိုက် ဖွင့်လှစ်သည့် ရိုးရာယဉ်ကျေးမှု ပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချခြင်းအပြင် မြန်မာ့ရိုးရာ အစားအသောက်ဖြစ်သည့် အုန်းနို့ခေါက်ဆွဲနှင့် မုန့်ဟင်းခါး၊ မြန်မာတို့၏ ရိုးရာလက်ဖက်ပွဲနှင့် မြန်မာ့လက်ဖက်ရည် တို့နှင့်ပါ နေ့အလိုက် မိတ်ဆက်တည်ခင်းခဲ့ပါတယ်။

 

နိုဝင်ဘာ ၂၆ ရက်၌ ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာပညာတော်သင်များက ဦးရွှေရိုး-ဒေါ်မိုး အကအပြင် ခမာသီချင်းဖြင့်လည်း ပါဝင်သီဆိုဖျော်ဖြေခဲ့ကြပြီး နိုဝင်ဘာ ၂၇ ရက်၌ ရိုးရာယဉ်ကျေးမှု ဝတ်စုံကို ဝတ်ဆင်ပြသတဲ့ Fashion Show တွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိပါတယ်။

ygm_mnn
#Yangon_Media_Group