Published 23 Sept 2022

ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနှင့် အဓိကကျသည့် ခရိုင်များတွင် စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ  ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ၂၀၂၂ခုနှစ် အတွင်းကျင်းပတဲ့ ပထမဆုံး အစည်းအဝေးမှာ ဗိုလ်ချူပ်မှူးကြီးက ယင်းကဲ့သို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်။ အချို့ဒေသတွေမှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသေးတဲ့အတွက် မိမိတို့ဒေသနှင့် ကိုက်ညီတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ စက်မှုဇုန်တွေအကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုပါတယ်။ ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းထား ပြီးဖြစ်လို့ အဓိကကျတဲ့ ခရိုင်တွေမှာ စက်မှုဇုန်တွေ၊စက်မှုရပ်ကွက်တွေ ဖော်ဆောင်ပေးဖို့ လိုပါတယ်” လို့ နစက ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။

ထိုကဲ့သို့ဆောင်ရွက်မှသာ အဆိုပါဒေသကိုအခြေခံသည့် ထွက်ကုန်ပစ္စည်းတွေထုတ်လုပ်မှုတိုးတက်လာမှာဖြစ်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ပေါများလာမည်ဟုလည်း သူကပြောပါတယ်။

 ထိုကဲ့သို့အကောင်အထည်ဖော်ရာမှာ လိုအပ်လာမယ့် လျှပ်စစ်ဓာတ်အားတွေအတွက် အသေးစား၊အငယ်စား၊အလတ်စား ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေလုပ်ငန်းတွေနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းတွေကို ထပ်မံအကောင်အဖည်ဖော်ရမည်ဖြစ်တယ်လို့ လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။MSMEလုပ်ငန်း တွေကို မှန်မှန်ကန်ကန်လုပ်မည့်သူတွေကိုလည်း နိင်ငံတော်က ငွေကြေးတွေချေးငှားပေးဖို့အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း လေးသောင်းကျော်ရှိပြီး   ယင်းတို့အထဲတွင် ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း တွေက ၂၅ရာခိုင်နှုန်းနှ၍့် ၁၆ ရာခိုင်နှုန်းအသီးသီးရှိပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းတွေက ၃၉ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

ယနေ့ပြုလုပ်တဲ့ ကော်မတီအစည်းအဝေးကို နစကဥက္ကဋ္ဌနှင့်အတူ ကော်မတီဒုတိယဥက္ကဋ္ဌနှင့်ကော်မတီဝင်တွေနှင့်အတူ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ကုန်သည်/စက်မှုအသင်းချုပ် ဥက္ကဋ္ဌ၊မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယကနှင့် အတူ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေက ဝန်ကြီးချုပ်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Source: SAC’s information

#Myanmar_MSME

#SAC

#SG_Min_Aung_Hlaing