ရန်ကုန် စက်တင်ဘာ ၁၂
ငါး ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးလုပ်ငန်းကဏ္ဍအား ကိုဗစ်ရန်ပုံငွေမှ အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေ ကာလ တစ်နှစ်သတ်မှတ် ချေးယူခွင့်ပြုမည်ဟု ကိုကိုဗစ်၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေး သက်ရောက်မှု များ အပေါ် ကုစားရေး လုပ်ငန်းကော်မတီထုတ်ပြန်ချက် အရသိရသည်။
 
လျှောက်လွှာများကို မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ရန်ကုန် တိုင်းဒေသကြီး နှင့် ပြည်နယ် ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်းရုံးများ၊မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ရုံးချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်ရုံးများ ၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် သက်ဆိုင်ရာ ရုံးများတွင် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၃၀ ရက်နေ့ ရုံးချိန်အတွင်း လျှောက်လွှာများကို လက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
 
လျှောက်ထားလိုသည့် လုပ်ငန်းများသည် ကိုဗစ်ကြောင့် အမှန်တကယ် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်းဖြစ်ရမည်။ လက်ရှိ လည်ပတ်နေသော လုပ်ငန်းဖြစ်ရမည်။ လုပ်ငန်းယာယီ ရပ်ဆိုင်းထားသော်လည်း ချေးငွေရရှိပါက ချက်ချင်း ပြန်လည် စတင်နိုင်မည့် လုပ်ငန်းဖြစ်ရမည်။ လွန်ခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း နှစ်စဉ် ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ရမည်။
 
ဒါ့အပြင် ကိုဗစ်ရံပုံငွေမှ ထုတ်ပေးသည့်ချေးငွေကို ယခင်က ရယူထားပြီးဖြစ်သည့် လုပ်ငန်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေ ရယူ ထားသည့် လုပ်ငန်း မဖြစ်စေရ။ ချေးငွေလျှောက်ထားသည့် မွေးမြူရေး လုပ်ငန်း သို့မဟုတ် ငါးပုစွန် မွေးမြူရေး လုပ်ငန်း သည် မိသားစု တစ်ပိုင် တစ် နိုင် ဝမ်းစာအတွက် မဟုတ်ဘဲ စီးပွားဖြစ်ဆောင်ရွက်နေသော လုပ်ငန်းဖြစ်ရမည် စသည့် အချက်များနှင့် ပြည့်စုံရမည်ဟု ဖော်ပြထားသည်။
 
ထို့အပြင် ချေးငွေ ရယူထားသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း များ အနေဖြင့် ချေးငွေ ပေးဆပ်မှု ပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ် မဟုတ်သော ငွေရေး ကြေးရေး အဖွဲ့အစည်း အသေးစား ငွေရေး ကြေးရေး လုပ်ငန်းတို့မှ ချေးငွေ ရယူနိုင်ခြင်းမရှိစေရန် စီစဉ်သွားမည် ဖြစ်သည်။
လျှောက်လွှာများကို နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် စက်တင်ဘာ ၃၀ ရက်နေ့ ထက် ကျော်လွန် တင်ပြလာသည့် လျှောက်လွှာများကို လက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်အရသည်။