Published 19 August 2022

မြန်မာနှင့်အိန္ဒိယဆက်ဆံရေးကို ယနေ့ နိုင်ငံရေးကိုကြည့်ပြီး ဝေဖန်အကဲဖြတ်လို့မရဘူးလို့ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ယမ် ဂျေရှန်ကာက ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ချူလာလောင်ကွန်တက္ကသိုလ်မှာ ပရိဿတ်တွေကို ဩဂုတ် ၁၈ရက်က မိန့်ခွန်းပြောကြားစဉ်မှာ အိန္ဒိယပြည်ပ ရေးရာ ဝန်ကြီးကပြောကြားခဲ့တာဖြစ်တယ်လို့ စင်္ကာပူမီဒီယာတစ်ခုဖြစ်တဲ့ ချယ်နယ်နယူးအေရှား သတင်း ဌာနက ရေးသားခဲ့ ပါတယ်။

မြန်မာနိုင်ငံအပေါ် အိန္ဒိယရဲ့ရပ်တည်မှုဟာ ဆယ်စုနှစ်များစွာ တစ်သတ်မတ်တည်းရှိပြီး ကိုလိုနီစနစ်ကို တွန်းလှန်ခဲ့ကြတဲ့ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ကာလတွေကိုပြန်သွားကြည့်လို့ရတယ် လို့ သူကပြောပါတယ်။

Telegramတွင်ယခုသတင်းဖတ်လိုပါက

အိန္ဒိယဟာ မြန်မာနိုင်ငရဲ့ တိုက်ရိုက်အိမ်နီးချင်းဖြစ်လို့ မြန်မာစစ်အစိုးရကို ဆက်ဆံရေးကို ရှောင်ကွင်းလို့မရဘူးလို့ သူကပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာဇဝတ်ဂိုဏ်းတွေ၊ကိုရိုနာဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံထဲမှာ အိန္ဒိယသူပုန်တွေရှိနေ တာစတဲ့ နယ်စပ်ကိစ္စတွေရှိနေလို့ဖြစ်တယ်လို့ ဂျေရှန်ကာ ကပြောပါတယ်။

“ ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံတစ်ခုအနေနှင့် နယ်စပ်ဆက်ဆံရေးနှင့် ရှုပ်ထွေးမှုတွေကို စီမံခန့်ခွဲဆောင်ရွက်  နေကြတယ်” လို့ သူကပြောပါတယ်။

အိန္ဒိယဟာ မြန်မာရဲ့ အနီးကပ်ဆုံး အိမ်နီးချင်းဖြစ်လို့ မြန်မာ့ဒီမိုကရေစီနှင့်ပတ်သက်ပြီး လူတတ်ကြီးတွေလုပ်နေကြတဲ့ အများကြီးဝေးကွာနေတဲ့ နိုင်ငံတွေနှင့် မတူတဲ့  မျှဝေခံစားမှုနှင့် နားလည်မှုတွေရှိနေတာဖြစ်တယ်လို့ သူကပြောပါတယ်။

စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုတွေလုပ်နေပေမယ့် မြန်မာနိုင်ငံအတွက် အကောင်းဆုံးဟာ ဒီမိုကရေစီဖြစ်ပြီး ပြည်သူတွေရဲ့ သဘောထားနှင့် ဆန္ဒတွေကလည်း အဲဒါကို ထင်ဟပ်နေတယ်လို့ ဂျေရှန်ကာကပြောပါတယ်။

Reference: CNA