#Local_News
Published_ 19 Aug 2022

 

အာဆီယံနိုင်ငံများအကြား ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊ တီထွင်ဆန်းသစ်ခြင်းနှင့် ဆုံးရှုံးနိုင်ခြေများ ဆွေးနွေးခြင်းကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင်ကျင်းပရာ အရှေ့တောင်အာရှနိုင်ငံများမှ ဗဟိုဘဏ်များ၏ ဒုတိယဥက္ကဋ္ဌများ၊ အရာထမ်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ဗဟိုဘဏ်ဌာနအသီးသီး မှ အရာထမ်းများ တက်ရောက်ကြပါတယ်။

 

အစည်းအဝေးတွင် SEACEN အဖွဲ့ဝင်နိုင်ငံများမှ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးနှင့် ကြီးကြပ်စစ်ဆေးခြင်း ဆောင်ရွက်နေတဲ့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ၏ နှစ်စဉ်ကျင်းပတဲ့ ဆွေးနွေးပွဲဖြစ်ပြီး ယင်းဆွေးနွေးပွဲသို ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုဘဏ် အရာထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အမှုဆောင်အရာရှိများ တက်ရောက်ခဲ့ကြပါတယ်။

 

ဆွေးနွေးပွဲတွင် ထွန်းသစ်စဈေးကွက်စီးပွားရေးတွင် Sovereign Debt နှင့် ငွေရေးကြေးရေးတည်ငြိမ်မှု၊ Central Bank Digital Currencies (CBDCs)၏ စိန်ခေါ်မှုများနှင့် Caribbean နိုင်ငံများ၏ Digital Currencies အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမှ သင်ခန်းစာများ၊ အာဆီယံနိုင်ငံများ၏ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးနှင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများ၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးဆောင်ရွက်ရာတွင် Cyber တိုက်ခိုက်မှုနှင့် Cyber ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်းသော စိန်ခေါ်မှုများ၊ Big Techs၊ Fin Techs များဆိုင်ရာ အကျိုးကျေးဇူးများနှင့် ဆုံးရှုံးနိုင်ခြေများကို ဆွေးနွေးကြကြောင်း သိရပါတယ်။

 

Global Macro Trend အရကမ္ဘာ့ရေနံဈေး မြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှုများ မြင့်တက်နေခြင်း၊ ရာသီဥတုပြောင်းလဲနေခြင်း၊ သဘာဝဘေးအန္တရာယ်များ၊ Cyber တိုက်ခိုက်မှုများ၊ Geopolitics အခြေအနေများကြောင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး အတွက် မူဝါဒချမှတ်သူများသည် နိုင်ငံပိုင်ဘဏ်များအတွက် ထိရောက်သော စည်းမျဉ်း စည်းကမ်းများ၊ ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာများ တိုးမြှင့်ဆောင်ရွက်ရန်၊ Multiple Channels များကို ထည့်သွင်းစဉ်းစား၍ ဘဏ်များ အား Stress Testing Exercises များဆောင်ရွက်ရန်တို ဆွေးနွေးခဲ့ကြပါတယ်။

 

ဒုတိယနေ့အစီအစဉ်ကို ဒီကနေ့နံနက် ၇ နာရီခွဲတွင် ဆက်လက်ကျင်းပခဲ့ရာ Crypto Currency ကြောင့် ငွေရေးကြေးရေး ကဏ္ဍတည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများ၊ Crypto Currency ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ငွေရေးကြေးရေးကဏ္ဍတွင် ကြပ်မတ်ဆောင်ရွက်သွား နိုင်သည့် အစီအစဉ်များနှင့် ရာသီဥတုပြောင်းလဲ/ဖောက်ပြန်ခြင်းကြောင့် ငွေရေးကြေးရေး ကဏ္ဍတွင် ဆုံးရှုံးနိုင်သည့်အခြေအနေများကို ကာကွယ်ရန်အစီအစဉ်များ ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group