#Local_News

Published 19 August 2022

 

ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ်ကွက်၌ ယမန်နေ့ည ၁၀ နာရီခွဲအချိန်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဦးခေါင်းထိခိုက်ဒဏ်ရာ ပွန်းပဲ့ဒဏ်ရာများဖြင့် ဇနီးဖြစ်သူအမျိုးသမီး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

သေဆုံးသူ အိမ်နီးနားချင်းများ၏ ပြောဆိုချက်များအရ အဆိုပါလင်မယားသည် ယမန်နေ့ နေ့လည် ၂ နာရီအချိန်ကပင် စကားများရန်ဖြစ်နေကြောင်း၊ မကြာခဏ စကားများရန်ဖြစ်လေ့ရှိကြောင်း သိရှိရပြီး၊ ညပိုင်းတွင် ကိုယ်ထိလက်ရောက်ရိုက်နှက်သဖြင့် ဇနီးဖြစ်သူအပြင်းအထန် ဒဏ်ရာရရှိကာ ဦးလှမိုး နာရေးကူညီမှု အသင်းမှ အရေးပေါ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။

 

ဇနီးဖြစ်သူအား ကိုယ်ထိလက်ရောက်ရိုက်နှက်သူ ခင်ပွန်းသည်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားပြီး အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ymg/ys-tcl
#Yangon_Media_Group